Unicode
လွန်ခဲ့သော မွန်းလွဲပိုင်း....
ကျွီး!!!
"မင်း ဘာလုပ်တာလဲ "
ကားကို အမြန်မောင်းနေရာမှ သူ ရုတ်တရက် ဘရိတ်ဆောင့်အုပ်ကာ လမ်းဘေးထိုးရပ်လိုက်သဖြင့် ချိုက်ဖော်ဝေးကို
ထိန်းထားသည့် Doctor က အံ့သြစွာ မေးလေးသည်။သို့သော်ငြား သူချက်ချင်းမဖြေနိုင်ဘဲ မျက်လုံးစုံမှိတ်ထား
မိသည်။ အကယ်၍များ ကိုဝေပြောသလို ဆေးကုဖို့ မမွီပဲ..သေသွားခဲ့လျှင် မည်သို့လုပ်ရပါမည်လဲ။"တိတြေသ ဆက်မောင်းလေ!"
Doctor က စိတ်မရှည်စွာ အော်သည်အထိ
သူ ကားစတီယာတိုင်ကို ခပ်တင်းတင်းဖိဆုပ်ထားဆဲဖြစ်သည်။ကိုဝေရှေ့မှာ သူရဲကောင်းဖြစ်ချင်သလို...ကာကွယ်ပေးချင်သည့်စိတ်ကြောင့်သာ ဂျူးယသော်
နေရာမှာ အစားဝင်ခံဖို့ သူ အလျဉ်စလို ဆုံးဖြတ်ခဲ့ သော်လည်း...ဘာတွေဆက်ဖြစ်လာမှာလဲ ဟူသည့်
အတွေးက သူ့ကိုခြောက်ခြားစေ၏။"တိတြေသ!မင်း ဘာလုပ်နေတာလဲ... မြန်မြန်မောင်းမှရမှာလေ။ သေသွားလိမ့်မယ့်ကွ"
ဦးခေါင်းထိုးကြိတ်ခံထားရသည့် ချိုက်ဖော်ဝေးမှာ နှလုံးခုန်သံတို့် ပုံမှန်မဟုတ် ကျဆင်းချင်သည့်အနေအထား သို့ ရောက်ရှိလာပြီဖြစ်သည်။ ဘာလုပ်ရမှာလဲ။
သူဟာ ကိုယ်နဲ့ဘာမှသွေးမတော်သားမစပ်သည့် ကလေးတစ်ယောက် အတွက် ပေးဆပ်ဖို့ အဆင်သင့် ဖြစ်ပြီလား။ဒါမှမဟုတ် ဒီနေရာမှာပဲ ရပ်တန့်လိုက်ရတော့
မွာလား။ ဂယောင်ချောက်ချားစိတ်တို့ကြောင့်
သူဟာ နဖူးစပ်လေးတွေမှာ ချွေးစက်ကလေးတွေ ခိုသီးလို့လာပါသည်။"ကျွန်တော်တို့် ကုမ္ပဏီက ဦးစီးပြီးလုပ်မယ့် Fashion Show ပွဲမှာ ဥက္ကဌကြီး တို့ဘက်ကဘာများ မကျေနပ်တာရှိလို့ ပွဲပျက်အောင် လုပ်နေတာလဲ ခင်ဗျ"
မဆင်မချင်ပြောခဲ့မိတဲ့စကားတစ်ခွန်းအတွက်... မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရသည်။
"ငါတို့ဘက်က မင်းရဲ့ Fashion Showပွဲ
သေးသေးလေးကို ပျက်အောင် လုပ်တယ် ဟုတ်လား မင်းမှာဘာ သက်သေရှိလဲ"တစ်ဖက်လူရဲ့ နိုင်ကွက်ထဲကိုရောက်သွားခဲ့ရတဲ့ အခြေအနေ တွေကြောင့်....

YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Short StoryDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ