Part-39

2K 235 61
                                    

🔞🔞🔞🔞

Unicode

မျက်ခုံးရဲ့အစပ်.... နားထင်လေးမှာ မဲ့ပါတဲ့သူတွေကို လက္ခဏာပညာရှင် တစ်ချို့က ဉာဏ်ကောင်းတဲ့သူတွေလို့ ဟောပြောခဲ့ကြတယ်။ အဲ့ဒါကြောင့်ပဲထင်ရဲ့ တိတြေသ
တို့က ဉာဏ်အကောင်းလွန်ပြီး ဉာဏ်များခြင်းသို့ပင် ရောက်နေလေပြီ။ သို့ပေမယ် ဒီလို ဉာဏ်များလာတတ်ခြင်းဟာ သူ့ကမ္ဘာကြီးကို ရှုပ်ထွေးအောင်လုပ်တဲ့ ဆန်းကမ္ဘာဝေ ကြောင့်ဆိုပါရင်ရော.......

"ကိုကို"

နှစ်ဦးသား ကုတင်ပေါ်ထပ်လျက် လဲကျနေရာမှ တိတြေသ က ညို့ငင်စွာ ခေါ်လိုက်၏။ ကိုဝေသည် သဝန်တိုတော်မူရာမှ
မပြေသေးသဖြင့် တိတြေသ နှင့် မျက်နှာချင်းမဆိုင်ပဲ တစ်ဖက်သို့ လှည့်ပစ်လိုက်၏။ ဟိုကောင်မလေးကို ဘယ်လောက်လှကြောင်း သူရှေ့မှာထိုင်ချီးမွန်းဖူးသည်။ ဟိုကောင်မလေးနဲ့ အတူတူရှိနေတုန်း သူ့ကိုမမြင်ချင်ယောင်ဆောင်သွားဖူးသည်။ နောက်ဆုံး သူရှိနေပါလျက် ဝိုင်တောင်အတူတူ သောက်တဲ့အဆင့်ရောက်သွားသေးသည်။ မကျေနပ်ပါ။ တွေးလေ မကျေနပ်လေဖြစ်သည်။ ပြောတော့ဖြင့် တောက်လျှောက်သူ့အကြောင်းပဲ တွေးနေတာဆိုပြီး
ဟိုကောင်မလေးကို ဘယ်ချိန် ရအောင်သွားချုပ်လိုက်မှန်းတောင်မသိလိုက်ရတဲ့ သူ့အဖြစ်က မုဆိုး၏ ထောင်ချောက်
ထဲ ဝင်သွားသည့် ယုံသူငယ်လေးလို ပြူကြောင်ကြောင်လေး ဖြစ်ကျန်ခဲ့သည်။

" ချစ်လို့ ခေါ်တာပါ... ကိုကိုရာ...ကျွန်တော့်ပုံစံနဲ့ ကိုကိုလို့ ခေါ်ဖို့ရော လွယ်တယ်ထင်နေလားဟင်"

သူ ပြောသော်လည်း ကိုဝေက မကြားသလို
မလှုပ်မယှက် ငြိမ်နေပါ၏။ တိတြေသ သည် ကိုကို့ဆီမှရသော ဝိုင်ရနံ့အတူ ရောထွေးနေသည့် ကလေးပေါင်ဒါနံ့ သင်းသင်းလေးကို လျစ်လျူမရှူ့နိုင်စွာ ရှူရှိုက်မိရင်း
ဝင်းမွတ်နေသည့် လည်တိုင်ကျော့ကျော့ ဆီက အရိုးလေးဆီ တဖြေးဖြေးဦးတည်ချဉ်းကပ်မိတော့သည်။ ထို့နောက် ဖွဖွလေးပင် နှုတ်ခမ်းနွေးနွေတို့ဖြင့်
နမ်းလိုက်ရာ ကိုဝေသည် ချက်ချင်းပင် သူ့မျက်နှာကို ဖယ်ဖို့ကြိုးစားတော့၏။ သို့သော် ဖယ်ရှာလာသော လက်တွေကို တိတြေသ က လိုက်ဖမ်းချုပ်ကာ ကိုင်လျက် ကုတင်နှင့် ဖိကပ်ကည ချုပ်ထားလိုက်ပြီး.....

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now