Part-14

2.1K 261 30
                                    

Unicode

ကျွန်တော်မသိဘူး။ ကျွန်တော်ဘာဖြစ်နေတာလဲဆိုတာ။

"အွန်း....အင်းးးးးး"

မဆန်းသစ်မွေး ဟိုကြည့်သည်ကြည့်ဖြင့် လှည့်ပတ်ရှာပြီး
အထဲပြန်ဝင်သွားတော့ သူ ကိုဝေလက်ကိုပုတ်၍
ဖယ်ခိုင်းလိုက်မိသည်။ သူကတော့ဘာမှန်းညာမှန်းမသိ
လုပ်ချင်တာလုပ်လိုက်တာမှန်သော်လည်း ကိုယ်ကတော့
လူထူးလူဆန်းလို စိတ်ကျဉ်းကျပ်လျက် နေရခက်လှသည်။

".....မင်း...ဘာလာလုပ်တာလဲ..."

ထိုမှ ကိုဝေကလည်း သူ့ကိုယ်သူသတိထားမိသွားဟန်
ဖြင့် အနောက်နဲနဲဆုတ်သွားကာ နေရခက်တာမျိုး ရှိမနေပဲ
ပုံမှန်အတိုင်းပင်ဖြစ်နေလျက် မကျေနပ်သည့် လေသံဖြင့်
မေးလာသည်။

"ဟင် !? ...အာ...ဆေးရုံ...လာတာ...ဟို...
လက်....လက်လေ....ဓားရှသွားလို့"

သ်ိုသော်ငြား သူကတော့ စကားတွေထစ်နေလျက်
တစ်ချက် တစ်ချက် လည်ဂုတ်လေးပွတ်မိကာ ဖြေရခက်
နေသည်။ကိုဝေတို့က်ိုလာကြည့်တာဟူ၍ အမှန်အတိုင်းဖြေဖို့ကျတော့လည်း သူမဝံ့ရဲပြန်။ ဘာကြောင့်လဲဆိုသည့်
မေးခွန်းကိုတော့ မမေးလေနှင့် သူကိုယ်တိုင်တောင်
ဘာမှန်းမသိ ၍ စိတ်ရှုပ်နေရသည်။

ဆန်းကမ္ဘာဝေသည် တိတြေသအား ဘယ်ကမ္ဘာကလာမှန်း
မသိသည့် ဂြိုလ်သားလို ခါးထောက်ကာ
ကြည့်မိလျက် ဖြတ်ခနဲ ဓာရှသည် ဆိုသည့်လက်ကို
ဆွဲယူကြည့်လိုက်ပြီး အောက်နှုတ်ခမ်းလေး ရှေ့ထော်လို့
မဲ့ပြစ်လိုက်သည်။

"ယောကျာ်းမဟုတ်တာကျနေတာပဲ...ပုရွက်ဆိတ်
ကိုက်ရာလောက်ရှိတဲ့ဟာကို ဆေးရုံလာပြနေတယ်"

တိတြေသ သည် ဆန်ကမ္ဘာဝေ ၏ လုပ်ရပ်အား
တအံ့တသြဖြင့် ကြောင်သွားပြီး... လက်ကို ပြန်ဆုတ်ယူ
လိုက်ပါ၏။ ဒီလူကြီး မဆင်မခြင်နဲ့...။

"ကိုဝေ...လက် က ဘက်တီးရီးယားတွေနဲ့ ဒဏ်ရာထဲဝင်
ကုန်မယ် မက်ိုင်နဲ့"

ဟန်ကိုယ့်ဖို့ရာ ပြောထွက်သွားမိပြီးမှ... အားနာသွားသဖြင့်
ကိုဝေ့ကို မျက်လုံးလေးလှန်ကာ ကြည့်မိစဉ် ကိုဝေက
ဒေါသထွက်နေဟန်ဖြင့် သူ့အား စားမတတ်ဝါးမတတ်
ကြည့်ကာ...

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now