Part-36

1.7K 232 27
                                    

Unicode

"ကျွန်တော် ကိုကို့ ကို ချစ်တယ်"

ဖွင့်ဟဝန်ခံလာသံလေးကို အထပ်ထပ်ကြားယောင်မိတိုင်း လွယ်လွယ် ကူကူ ထုတ်ပြောလာခြင်းမဟုတ်မှန်း သူ နားလည်ပါသည်။ အလုပ်တွေစဝင်ကတည်းက Hotelတွေမှာသာလုပ်သော သူဟာ အမျိုးအစား
မတူညီသော လူတော်တော်များများနှင့် ကြုံဆုံးထားခဲ့ ဖူးသူဖြစ်သည်။ ထို့ကြောင့်ပင် လူမျိုးတူချင်း ချစ်ကြိုက်သည့်ကိစ္စဟာ သူအတွက်တော့ ဆန်းပြားသည့်အကြောင်းအရာ တစ်ခုတော့ မဟုတ်ခဲ့ပါပေ။

သို့သော်ငြား ဆန်းပြားနေသည်က သူနဲ့
တိတြေသ ဖြစ်သည်။ နဂိုဗီဇေတြဟာ
သဘာဝအတိုင်း ရှိနေကြသူတွေ ဖြစ်ကြပြီး.... နှစ်ဦးသား တွေ့ဆုံချိန်မှာ ဗီဇေတြ ပြောင်းလဲ
လို့ တစ်ဦးကိုတစ်ဦး မြင်နေရလျှင် ရင်ခုန်သံတွေ စီညံနေခြင်းဖြစ်သည်။ ဒါကို သူလည်းခံစားမိနေကာ ခေါင်းစဉ်အမျိုးမျိုးတပ်၍ ရှောင်လွဲဖို့ရန်ကြိုးစားနေမိသည်။
အဘယ်ကြောင့်ဆိုသော် သူက လူလွှတ်တစ်ယောက်မဟုတ် သမီးလေးရှိသေးသည်။ သမီးက သာ သူ့ဘဝ ၊ သူ့အနာဂတ်လေး
ဖြစ်သည့်အပြင် သမီးအတွက်လည်း သူရဲ့ ဖြစ်တည်မူက ထိုသို့ပဲ ဖြစ်လိမ့်မည်။ ဧကရီရှိစဉ်အချိန်ကတောင် သူ့အနား သူစိမ်းအမျိုးသမီးကပ်လျှင် မကပ်ရဲအောင် အမျိုးမျိုး လျှောက်လုပ်တတ်သော သမီးက
ယောကျာ်လေးအချင်းချင်း သာဆိုလျှင်ဖြင့် ယူကြုံးမရဖြစ်သွားမှာ စိုးရသည်။

ဆန်းကမ္ဘာဝေ သည် စိတ်တွေပျံ့လွှင့်ကာ တစ်ယောက်တည်းကားမောင်းလာရင်း Company သို့ ရောက်မှန်းမသိ
ရောက်ရှိလာခဲ့၏။ပြတ်သားသော ဆုံးဖြတ်ချက် ဟူသော်ငြား တိတြေသ ရှေ့ရောက်လျှင် သူပြောထွက်ပါမည်လား။
အိမ်မှာတုန်းက ခိုင်မာနေခဲ့သောစိတ်တွေဟာ တိတြေသ နှင့်နီးလာလေလေ တွေဝေလာလေလေ ဖြစ်သည်။ သူ ငြင်းဆန်
လိုက်လျှင် တိတြေသလို လူကောင်တစ်ယောက် ကို မိတ်ဆွေအဖြစ်မှ ဆုံးရှုံးလိုက်ရမှာသူကြောက်သည်။ သံယောဇဉ် တွေ ဒီထက်ပိုမခိုင်မာလာခင် ပြောစရာရှိတာကိုတော့ ပြောထားရမှာ ဖြစ်သည်။

"ဒေါက် ဒေါက် ဒေါက်"

တိတြေသ အခန်းကို မဝင်ခင် သူ ယဉ်ကျေးမူတစ်ခုအရ တံခါးကို ခေါက်လိုက်ပါ၏။ သို့သော် အချိန်အတော်အတန်
ကြာသည်အထိ တုံ့ပြန်မလာသည်မို့ တံခါးလက်ကိုင်ဘုလေးနဲ့အပြိုင် အေးစက်သော လက်တွေဖြင့် တံခါးကို ဖွင့်လိုက်ပါသည်။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now