Unicode
လမ်းမကြီးပေါ် အရှိန်နှင့်ပြေးနေသောကားလေး ....။
ပြင်ပဝန်းကျင်၌ ကားသံ ၊ လေတိုးသံ ၊ သွားလာလုှပ်ရှားသံ
တို့ဖြင့်ဆူညံနေသော်လည်း ကားခေါင်းခန်းထဲတွင်တော့
လေထုကအေးစိမ့်နေသည်။ တိတြေသသည်
ရှေ့တည့်တည့် ကိုသာ အာရုံစူးစိုက်လျက်
မျက်ခုံးလေးတွေအနဲငယ်တွန့်နေကာ... ကားစတီယာ
တိုင်သည် ဖိအားတို့ဖြင့်ကျစ်နေအောင်ဆုပ်ခံထားရမူ
ကြောင့်...လက်နှင့်ကားစတီယာခွေကြားချွေးစေးလေး
တွေတောင် ထွက်လို့နေပါ၏။ သူ့စိတ်ထဲတွင်
ပြေးသာပြေးလာခဲ့ရသော်လည်း ကြောက်ပြေးပြေးခဲ့ရသဖြင့်
မကျေနပ်သလို သခင်လေး ဆိုသည့်ကောင်လေး၏
မျက်ဝန်းတွေကိုလည်း ဖျောက်ဖျက်မရပဲရှိနေသည်။ဘေးနားတွင် တစ်ချိန်လုံးငြိမ်ကုပ်၍လိုက်ပါလာသော
လွင်မေဦး သည် တိတြေသကို ကြောက်လည်းကြောက်
ကာ စကားလည်းမစရဲပေ။ သူမအပြစ်ကြောင့်
ယခုမဖြစ်သင့်တာတွေဖြစ်ကုန်ပြီမဟုတ်လားလေ။
သို့သော်... အေးစက်သည့်လေထုကိုဖြိုခွင်းရန်
သူမ သည်တိတြေသအားခိုးကြည့်လိုက်ပါ၏။
သူမတို့MDသည် ဆံပင်တစ်ခြမ်းကိုခပ်တိုတိုဖြင့်
အပေါ်သိမ်းလှန်ထားပြီး တစ်ခြမ်းကိုတော့ မျက်ခုံး
ထင်းထင်းပေါ် ဝဲဝဲလေးချထားကာ မျက်လုံးအိမ်
ရှည်လျက် မျက်တောင်တိုစိတ်စိတ်တို့ရှိလေသည်။
လည်တိုင်ရှည်ရှည်နှင့် suitက လိုက်ဖက်
သော်လည်း နှုတ်ခမ်းထောင့်ကတော့ အထိုးခံထားရသည့်
ဒဏ်ရာရှိနေပါ၏။သို့တိုင် ထိုထိုသော သွင်ပြင်တို့ဖြင့်
သူမတို့MDသည် အရမ်းမိုက်လွန်းသည်ဟု
ယူဆ၍ရသလို... ကြောက်မက်ဖွယ်လည်းကောင်းသည်။"MD..."
"Tokyoပြန်တော့"
သူမ မဝံ့မရဲ တိုးတိုးလေးခေါ်မိပါသည်ဆိုကာမှ
ချက်ချင်းတုန့်ပြန်လာတဲ့ လေသံမာမာကြောင့်
လန့်သွားကာ...ထိပ်ထိပ်ပြာပြာ.. ပြန်တောင်းဆို
လိုက်ပါ၏။ သူမဂျပန်ကိုမပြန်ချင်ပါ။ ဟိုမှာက
မြန်မာ ခပ်ရှားရှားဖြစ်၍ သူမ စကားပြောရတာ
လွတ်လွတ်လပ်လပ် မရှိလှပေ။"ကျွန်မ မှားပါတယ် MD အလုပ်မဖြုတ်ပါနဲ့
မပြန်ခိုင်းပါနဲ့နော်!"
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Short StoryDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ