Unicode
မင်း မဟုတ်မှ ကိုဝေကိုများ....ကိုဝေ့ ကို မင်းအဖေ
ဖြစ်စေချင်နေတာလား။မဖြစ်နိုင်တာ... အဖေက ဂျပန်မှာရှိနေပြီးသားကို...။
ဒါပေမယ့်... အဖေနဲ့အနေမနီးတော့ ကိုဝေ့နားက
ဖခင်မေတ္တာရချင်နေတာလဲ ဖြစ်နိုင်တာပဲ။ကိုဝေက မင်းအဖေအရွယ်မှမဟုတ်တာ။
ဒါပေမယ့် သူ့သမီးနဲ့မင်းက ရည်းစားဖြစ်ဖူးတယ်လေ။
အာ...သေချာပြီ...ဒါဆိုမင်းက ကိုဝေ့ကိုမင်းအဖေဖြစ်စေ
ချင်နေတာပဲ။ ဟုတ်မဟုတ်....စမ်းသပ်ကြည့်ရမယ်။
အဖေနဲ့သားတွေဆိုဘာတွေလုပ်လဲ ငါအရမ်းသိချင်
တာပဲ။တိတြေသသည် ခက်ခဲတဲ့ပုစာၦတစ်ပုဒ်ရဲ့အဖြေကို
လွယ်ကူစွာ ရရှိသွားသဖြင့် ပျော်သွားကာ
အဝတ်အစားခန်းဘက်သို့သွား၍ ပုဆိုးကိုရှာလိုက်သည်။
သို့ပေမယ့် ပုဆိုးနဲ့တူတာတစ်ခုမှမတွေ့သဖြင့်
အဝတ်ဘီရိုကိုဆောင့်ကြီးအောင့်ကြီးပင်ပိတ်မိသည်။
ကိုဝေက ပုဆိုးတွေပဲဝတ်တတ်တာ....သူကပုဆိုး
လုံးဝမဝတ်တတ်တဲ့သူ....။အကြိုက်ချင်းက ဆီနဲ့ရေ။တိတြေသ သည် သက်ပြင်မောကြီးကို ချပြီး
အဝတ်အစားခန်းမှ ပြန်ထွက်လာကာ
အောက်သို့ဆင်းခဲ့ရသည်။ နောက်ဆို ဒီအခန်းထဲ
ပုဆိုးတွေ ဒါဇင်လိုက်ဝယ်ထည့်ထားဖို့ လိုအပ်နေလေပြီ။"ဟို ကိုဝေ....ပုဆိုးမရှိဘူး... ဘောင်းဘီပဲရှိတယ်။
ဝတ်မလားဟင်"ပုဆိုးခပ်တိုတိုဝတ်ထားသော ဆန်းကမ္ဘာဝေသည်
ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်ပြီး ခါးထောက်မိကာ..."ပုဆ်ိုးပဲ ဝတ်လာတာကြာပြီ.... "
"ဒါဆို... ကျွန်တော် ပုဆိုးလာပို့ဖို့မှာလိုက်မယ်..
ကိုဝေခဏစောင့်မလား""တော်ပါကွာ...မမှာနဲ့တော့ ....မမကိုမပြောပဲထွက်လာတာ
စိတ်ပူနေလိမ့်မယ်... ငါပြန်တော့မယ်"ဆန်းကမ္ဘာဝေ ပြန်မယ်ပြောတော့ တိတြေသမျက်နှာမှာ
ဆယ်ဆလောက်ပင်အိုဇာသွားရပြီး...."မပြန်နဲ့လေ.... ဒီမှာပဲနေပါလား။ကျွန်တော်ကိုဝေနဲ့
တိုင်ပင်စရာရှိသေးတယ်..."
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Short StoryDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ