Part-43

1.7K 223 26
                                    

Unicode

တိတြေသ မှာ နှုတ်ခမ်းပေါ်ကျရောက်လာတဲ့ ကိုကို့ဆီက ပထမဆုံး အနမ်းအတွက် ရင်
အခုန်လွန်ပြီး နှလုံးရပ်သွားတာလားမသိ။မျက်လုံးပြူးလေးဖြင့် မလှုပ်မယှက်ကြီး
ရပ်နေမိတော့သည်။ နေပါဦး....အခု ကိုကိုက
ဘာပြောလိုက်တာ။

ကိုဝေသည် လုပ်ချင်ရာလုပ်ပြီးမှ တိတြေသအား အဖြေပေးလိုက်မိပြီက်ို သတိရကာ နောက်ပြန်ဆုတ်ပြီးခေါင်းကြီးငုံ့လို့ရှက်နေတော့သည်။ ဖုံးမရ ဖိမရခုန်နေသော
ရင်ခုန်သံတွေနဲ့ အတူ အရှက်လွန်တတ်တဲ့ လူကြီးလေဟာနှုတ်ခမ်းအတွင်းသားလေးတွေကိုက်လို့ ခေါင်းငုံ့နေသည့်
ကြားက တိတြေသ ၏ တုံ့ပြန်မူကိုလည်း မျှော်လင့်နေမိသေးသည်။သ်ို့သော် တစ်စက္ကန့် ၊နှစ်စက္ကန့်...မိနစ်အနဲငယ် ကြာသည်အထိ
တိတြေဆီမှ ဘယ်လိုတုံ့ပြန်မူမျိူးကိုမှ
မတွေ့ရလျှင် ရှက်နေတာတောင်မေ့လို့ သူမော့ကြည့်မိ လိုက်ပါ၏။ ထိုအခါ မျက်လုံးပြူးလေးဖြင့် တောင့်တောင်ကြီး
ရပ်လျက် ဝိညာဉ်ပျောက်နေသော ကျေးဇူးရှင်လေးကို တွေ့လိုက်ရလျှင် သူကတစ်ပြန် အူကြောင်ကြောင်လေး
ဖြစ်သွားရကာ.....

"တိတြေသ...တိတြေသ "

"ဗျာ...ဗျာ...ဗျာ..."

မျက်နှာရှေ့ လက်လေးယမ်းပြပြီးခေါ်တော့မှ
ဝ်ိညာဉ်ပြန်ကပ်လာသူလို မျက်တောင်လေးတွေ တဖျတ်ဖျတ်ခပ်လို့ ထူးလာတော့သည်။

"ဘာ...ဘာဖြစ်သွားတာလဲ"

"ကိုကို...ကိုကို ခုနက ဘာပြောလိုက်တာလဲဟင်"

သူ မေးတာကိုမဖြေပဲ တိတြေသ က စိတ်လှုပ်ရှားစွာမေးလာပါ၏။ ထိုအခါ သူသည်လည်း ချစ်တယ်လို့ ပြောမိတာကို
သတိပြန်ရပြီး ခေါင်းငုံ့လို့မျက်နှာလေးလွှဲလိုက်မိပါသည်။

"ကိုကို...ပြန်ပြောပါဦး၊ ခုနကဘာပြောတာလဲ"

"..."

"ကိုက်ို"

တိတြေသ မွာ ပျော်လွန်း၍ သူနားသူမယုံနိုင်ဖြစ်သွားရပြီးကိုဝေ၏ မျက်နှာလေးကို ကြည့်ချင်လွန်းသဖြင့် ဆွဲယူကာ မော့လာဖို့ ကြိုးစားရသည်။ သို့ပေမယ့် အတင်းပင်
ငုံ့ထားတဲ့ကိုကိုက ဘယ်လိုမှပင်မော့မလာပေ။ ရှက်တတ်လိုက်တာလည်း လွန်ရော ကိုကိုရာ။ တိတြေသ သည် လေပြင်းကို
တစ်ချက်ရှူလိုက်ပြီး ကိုကို့ကိုယ်လေးကို
ဖက်လိုက်ပါ၏။

Dear!Hunter Guys (Season 1)(Completed) Where stories live. Discover now