မိုးကုတ်ကကျောက်စိမ်းသူဌေးမကြီးဒေါ်ရတနာခင်ခင်ဦးဟုဆိုလျှင်မသိသူကခပ်ရှားရှားရယ်။
ကျောက်စိမ်းတစ်ဆင်ဆာကိုအမြဲမချွတ်ဘဲ၀တ်လေ့ရှိပြီးရွှေဂိုင်းနဲ့မျက်မှန်တစ်လက်ကိုလည်းအမြဲတပ်လျက်။အသက်ကြီးပေမယ့်မပျက်စီးသေးသောအဖြူမကျအနက်မကျသောဆံနွယ်တို့အားဘီးနှင့်ပတ်ကာအမြဲထုံးထားတတ်တဲ့ အသက်၆၀ကျော်ဂုဏ်သရေရှိအမျိုးသမီး။ဒေါ်ရတနာခင်ခင်ဦးရဲ့တစ်ဦးတည်းသောသမီး ဒေါ်ရွှေယွန်းချယ် ဆိုသည်မှာ ကလေးနှစ်ယောက်အမေ။ တရုတ်လူမျိုးတစ်ဦးနှင့်အိမ်ထောင်ကျပြီးသာယာသောအိမ်ထောင်ရေးကိုကားမရခဲ့။မန္တလေးမှာ ရွှေယွန်းချယ် စိန်ရွှေရတနာဆိုင်ကြီးနဲ့အတူဆိုင်ခွဲတွေဖွင့်ပြီး တစ်ဦးတည်းဦးစီးနေတဲ့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး။
သမီးကြီး Thwin Han Shin နဲ့ သားငယ် Zhang Fu Ming က ငါးနှစ်ကြီးငါးနှစ်ငယ်။အဖေနဲ့အမေကွာရှင်းပြီးနောက် ဆယ်တန်းအောင်သွားတဲ့ သမီးကြီးက ရန်ကုန်မှာဘဲ YUFL English တက်ခဲ့တယ်။ ငါးတန်းဖြစ်တဲ့ သားငယ် အဖု က အဖွားရှိတဲ့မိုးကုတ်မှာ လိုက်နေခဲ့တယ်။အမေကိုသိပ်မကပ် အဖေနားမှာကပ်ကပ်ပြီးနေတဲ့ အဖုလေးက တရုတ်ပြည်ပြန်သွားတဲ့ အဖေကြောင့့် ဒဏ်ရာတစွန်းတစ ရလျက်။__________A Guide To Life______________
"အဖု ထစမ်း ....ဟဲ့ အဖု ...."
အဖွားဖြစ်သူရဲ့ဖူးဖူးမှုတ်ခံထားရတဲ့ အဖုတစ်ယောက်အောင်စားရင်းထွက်တဲ့နေ့မှာပင် နေဖင်ထိုးအောင်အိပ်နေသဖြင့် အဖွားက နားရွက်ဆွဲကာနှိုးနေရပြန်တော့သည်။
"အား ...နာတယ် နာတယ် အဖွားနော်.."
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...