ဒီနေ့တော့ ခါတိုင်းကျွန်တော်ထိုင်ကြည့်နေကြ Luke ရဲ့ active now လေးဟာလည်း မပေါ်တော့ပါဘူး .....
ခါတိုင်းလို ကျွန်တော်ချောင်းကြည့်နေကြအတိုင်း ၀န်ရံတာကလိုက်ကာလေးကို ကွယ်ပြီးချောင်းကြည့်တော့လည်း ဆရာ့အခန်းလေးကတိတ်ဆိတ်လျက် .....
"ဒေါက် ဒေါက် ဒေါက် ....."
တံခါးခေါက်သံကြောင့် ၀န်ရံတာကနေအပြေးလေးလာပြီး တံခါးဖွင့်ပေးမိတယ် ....
"မမ ..."
"ဒီည ၁၂နာရီဆို page ကနေ တနိုင်ငံလုံးအောင်စရင်းထွက်မှာနော် ....၁၀နာရီတောင်ထိုးနေပြီ "
"မမ က စိတ်ပူနေတာလား ...."
အမကိုရယ်ပြီး ဘုကြည့်ကြည့်ကာ စသလိုလို နောက်သလိုလိုမေးလိုက်တော့ ကျွန်တော့်ခေါင်းကို "ဂေါက်" ခနဲမြည်အောင်လှမ်းခေါက်လိုက်ပြီး
"ဒီနှစ်ကျရင်တော့ နင်ကူလီထမ်းတော့"
ဟုမျက်စောင်းထိုးကာဖြေလေသည်။
"အောင်စရင်းထွက်တာနဲ့ငါ့ကိုလာပြော ကြားလား"
"ဟုတ်ပါပြီ "
လို့ရယ်ကာပြောလိုက်မှ မမ က အောက်ထပ်ပြန်ဆင်းတော့သည်။
ကုတင်ပေါ်ပြန်သွားထိုင်ကာ လက်ထဲကဖုန်းကိုဖွင့်ပြီး massenger ကနေ ဆရာ့ acc ကိုကြည့်တော့ active က မဖြစ်သေး ...
ကျွန်တော်ကဘဲ
"ဆရာ ဒီည ၁၂နာရီဆို အောင်စားရင်းသိရပြီ"
လို့ပို့လိုက်ပေမယ့် sent သာဖြစ်သွားသည်။
ဆရာမအားလို့ လိုင်းမတက်ဖြစ်တာနေမှာပါ လို့ ကိုယ့်ဟာကိုယ်ဘဲ ဖြောင်းဖြမိပါတယ်။1:15 PM
ဘယ်လိုနည်းနဲ့မှအိပ်မရတဲ့ ကျွန်တော် ...အခန်းထဲမှာထိုင်လိုက် ထလိုက် လမ်းလျှောက်လိုက်နဲ့။
Ph Ringtone 🎵🎶
Ph Ringtone ကြောင့် ကုတင်ပေါ်တင်ထားတဲ့ဖုန်းကို လှမ်းယူကာကြည့်လိုက်တော့ အိုင်းယဆီမှဖုန်း ....
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...