အမေမရှိတော့ အိမ်မှုကိစ္စက Fu တာ၀န်ပေါ့။
မနက်အစောကြီးကတည်းကထပြီး
မနက်စာကိုပြင်ဆင်နေတဲ့ Fu တစ်ယောက်အိမ်မှာ ဘာဆိုဘာမှ မလုပ်ခဲ့ရတဲ့ သူဌေးသားလေး။
Coffee က အစ ခေါက်ဆွဲပြုတ်အဆုံး ဟိုလူ့ခိုင်းဒီလူ့ခိုင်းပြီး အပူကပ်နေခဲ့ဖူးတဲ့ Fu ...သိပ်ချစ်ရတဲ့ ခင်ပွန်းသည်စားဖို့ ပေါင်မုန့်ကြက်ဥကြော်နဲ့Coffee ပူပူလေးကိုပြင်ဆင်နေခဲ့ပြန်သည်။
Luke ကုမ္ပဏီသွားခါနီးလေး အခန်းတံခါးရှေ့မှာရပ်စောင့်နေပြန်သည်။
Luke ပြင်ဆင်ပြီးလို့ အခန်းထဲက ထွက်လာတော့
ခေါင်းလေးငုံ့လျက် ..."ဟို အဖု မနက်စာပြင်ထားပေးတယ်
Luke စားသွားပါလား ဟင်""တော်ပြီ အပြင်ရောက်မှစားလိုက်မယ်"
ဟုဆိုကာ အိတ်ကိုဆွဲပြီး Fu အရှေ့မှထွက်သွားလေသည်။
မီးဖိုချောင်ထဲပြန်၀င်ကာ ထမင်းစားဝိုင်းမှာထိုင်ရင်း မျက်နှာငယ်နေတဲ့ ပေါင်မုန့်ကြက်ဥကြော်တို့ကို ကြည့်ရင်း ငိုင်မိတယ်။
ကြက်ဥ မစားတတ်တဲ့ ဒီကောင်လေး ...Luke ရဲ့ လျစ်လျှူရှုမှုကိုခံလိုက်ရတဲ့ ပေါင်မုန်တို့အား အမှိုက်ပုံးထဲသွန်ချလိုက်မိတယ်။
အေးစက်သွားတဲ့ကော်ဖီလေးတစ်ခွက်ကိုသာ တစ်ချိုင့်တည်းမော့ချလိုက်ပြီး မနက်စာကိုဖြည့်ဆည်းလိုက်တယ်။
ရေခံသေတ္တာထဲ နေ့လည်စာအတွက်ချက်စရာ တစ်ခုခုကိုရှာနေမိတဲ့ အိမ်ထောင်ရှင်ကောင်လေး ....အသားဆို ဘာအသားမှမစားတတ်တဲ့ကောင်ငယ်လေး ခင်ပွန်းအတွက် ကြက်သားဟင်းတွေချက်နေပြန်တယ်။
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...