Chapter 9 Unicode

490 67 4
                                    

Luke က တစ်ခါတလေ ကျွန်တော့်ကိုသိပ်ဂရုစိုက်တယ်။ တစ်ခါတလေ ကျတော့လည်း ....

"မင်းကိုတော်တော်လေး ကြည့်မရဘူး" ဆိုပြီးပြောပြောနေတတ်တယ်

ဆရာ က မမနယုန် ကိုသိပ်ချစ်ရှာတယ်။

ညဖက်ကြီး မမနယုန်ခေါ်ရင်
ကျွန်တော့်ကိုထားခဲ့ပြီး
ထွက်ထွက်သွားတတ်တယ်။
အမြဲလိုလိုပါဘဲ။

အမကတော့တကယ်ကံကောင်းပါတယ်။ဆရာ့လို အကုန်ပြည့်စုံတဲ့ လူတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့ရတာ ...ကျွန်တော်မြင်ဖူးသမျှမိန်းကလေးအထဲမှာ အမ က ‌ကံအကောင်းဆုံးပါဘဲ။

ဒီကလူကတော့ အမ ကို တစ်ခါတလေအားကျနေရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ ဘူး ...။

ကျွန်တော်ကတော့ ပိုင်ရှင်ရှိနေတဲ့ Luke ... မဟုတ်ဘူး ကျွန်တော့်ဆရာကို အားကိုးမိသလိုမျိုး ...ယုံကြည်မိသလိုမျိုး ....အင်း ချစ်နေသလိုမျိုးကြီးခံစားနေရတာ တော်တော်လေးကိုကြာခဲ့ပြီ။

ဟိုးအရင်စစတွေ့ကတည်းက ချစ်နေမိသလိုဖြစ်နေတဲ့ကျွန်တော် .... ဆရာလည်းသိရင်သိမှာပေါ့လေ။
ဆရာ့အရှေ့ဆို ဘယ်ကြီးတွေခံစားရမှန်းမသိဘူး။
နေမထိထိုင်မသာနဲ့ ....ဒါပေမယ့် ဆရာ့ကိုအပြစ်မမှားခဲ့ဖူးပါဘူး

ဆရာ့ကိုချစ်ခဲ့တာက တခြားဘာစိတ်မှမရှိခဲ့ဘူး။
အဖြူရောင်သန့်သန့် ....

၇လပိုင်းကတည်က Guide သင်လာခဲ့တာ အခုဆို February လပင်ကုန်တော့မယ်။

A Guide To Life ( U + Z )Where stories live. Discover now