ကျွန်တော် နိုးလာတော့ မမ က ကျွန်တော့်အနားကပ်ပြောတယ် .....
"အဆင်ပြေရဲ့လား" တဲ့ ....
ခေါင်းငြိမ့်ပြလိုက်ပြီး
"ကလေး ကရော ...."
လို့မေးမိတယ်။ အမ က ကျွန်တော့်ကုတင်ခြေရင်းနားလေးကို မေးငေါ့ပြတယ်။ ကျွန်တော်လှမ်းကြည့်တော့ Luke က ကလေးကို ချီပြီး နို့ဗူးတိုက်နေတယ်လေ။
"မမခေါ်လိုက်တာလား ....."
"အင်း ...."
Luke က ကျွန်တော်နိုးနေတာကိုတောင်သတိမထားမိလောက်ဘူး။သူ့မှာ သူ့သားလေးနဲ့ အလုပ်ရှုပ်နေလို့။
ကျွန်တော် ခွဲခန်းထဲက ထွက်လာကတည်းက ကလေးကိုမတွေ့ရသေး ....
ခဏ နေတော့ Luke က သားလေးကိုချီပြီး ကလေး အိပ်ရုလေးပေါ် သိမ့့်ရှာသည်။
ထို့နောက် ကျွန်တော့်အနား ကပ်ကာ ...
"နောက်ပတ်မှခွဲမွေးမှာဆို ...."
ကုတင်ဘေးကခုံပေါ်ထိုင်ပြီး ကျွန်တော့်ကိုကြည့်ကာမေးလေသည်။
"Due date က နောက်အပတ်ဆိုတော့"
သူကအမြဲ ကျွန်တော့်စကားကို ဆုံးအောင်နားမထောင်တတ်ဘူးဆိုတာ ကြိုသိပြီးသား ။
အခုလည်း ကျွန်တော့်စကားမဆုံးခင်
"မွေးချင်နေသလို ဖြစ်နေတာတို့
ဘာတို့မဖြစ်ဘူးလား ....
အခုတော့ နယ်ကနေပြန်လာရတယ်"
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...