Chapter 36 Unicode

363 60 2
                                    

       မနက် ကျွန်တော်အိပ်ရာကနိုးတော့ အဖုလည်းဘေးမှာမရှိတော့ဘူး။ကျွန်တော်သွားမတိုက်ခင်သူ့အခန်းတံခါးကိုခေါက်မနေတော့ဘဲ လှမ်းကြည့်တော့ သားသားတစ်ယောက်ကတော့ အိပ်နေတုန်းလေး .....

သွားတောင်မတိုက်သေးဘဲ ကျွန်တော်အောက်ထပ်ဆင်းကာ လှေကားတစ်လျှောက် အဖုကိုအော်ခေါ်နေမိသည်။

သူမီးဖိုချောင်ထဲမှာရှိနေတာများလား .....

ကျွန်တော် မီးဖိုချောင်ထဲ၀င်ကာကြည့်လိုက်တော့ အမေက တစ်ခုခုချက်နေလေသည်။

"အမေ မပြန်သေးဘူးလား ...."

ကျွန်တော့် စကားကိုအ‌မေကြားတော့
ခါးကိုထောက်လျက် ‌မျက်စောင်းထိုးကာ

"ငါ့အိမ် ငါပြန်လာတာလေ ....
ဘာလို့ပြန်ရမှာလဲ ...."

ဟုဖြေလေသည်။

ဒါလည်းဟုတ်တာဘဲ ...

"အမေ ...ဘာချက်နေတာလဲ"

"ကင်းမွန်အစပ်ကြော်လေး ကြော်မလို့"

"ဘယ်သူ့အတွက်လဲဟင်"

အဖုအတွက်ဘဲနေမှာ ....
အဖုက ပင်လယ်စာဘဲစားတာလေ။

ကျွန်တော်အမေ့ကိုထပ်မေးလိုက်တော့

"အဖု အတွက်ပေါ့ ...."

"အမေ ..."

ကျွန်တော်ထပ်ခေါ်ပြန်လေတော့

"ဘာဖြစ်နေတာလဲ နင်
ခေါ်လို့မပြီးတော့ဘူးလား .."

အမေက စိတ်မရှည်ဟန်နှင့် အော်ပြောလေသည်။

"ဟာ အမေကလည်း
အဖုဘယ်သွားလဲမေးမလို့ပါ "

"ကြက်သွန်နီကုန်နေလို့ သွား၀ယ်ပေးတာ"

"အမေကလည်း ဘာလို့သူ့ကိုခိုင်းတာလဲ
ထမင်းချက်တဲ့ အဒေါ်ကြီးရှိနေတာကို"

"ဟဲ့ ...အဒေါ်ကြီးကလာမှမလာသေးတာ။
နင်ဘာဖြစ်နေတာလဲ ကြည့်လို့ကိုမရတော့ဘူး"

အမေက ပွစိပွစိပြောတော့မှ
ကျွန်တော်လည်း ဘာမှမပြောတော့ဘဲ
အပေါ်ထပ်ပြန်တက်လာကာ
ရေမိုးချိုးအ၀တ်အစားလဲမိတော့သည်။

____A Guide To Life______

အဖေနဲ့အမေလည်း တစ်ပတ်လောက်သာနေပြီး ထား၀ယ်ပြန်သွားကြသည်။

A Guide To Life ( U + Z )Where stories live. Discover now