"လာပါဟယ် ... ငါ Bubble tea
၀ယ်တိုက်ပါ့မယ် ဆို ...."ညနေ ကျူရှင်ဆင်းချိန်လေး .....
Coffee ဆိုင်ထဲမ၀င်ချင်တဲ့ ကောင်လေးကိုသူငယ်ချင်းဖြစ်သူက အတင်းဆွဲကာ ခေါ်နေလေတော့ မလိုက်ချင်လိုက်ချင်နှင့် ခြေကိုဆောင့်ကာ နှုတ်ခမ်းကိုစူလျက် ဆိုင်အတွင်း၀င်လာလိုက်တော့သည်။
"နင်တကယ်၀ယ်တိုက်မှာနော် ...."
နီးစပ်ရာ ခုံတွင်၀င်ထိုင်လိုက်ပြီး အိုင်းယကိုကြည့်ကာ လက်ညှိုးထိုးလျက်မေးလိုက်တော့
"၀ယ်တိုက်ပါမယ်ဟယ် .....
နင်သာဓာတ်ပုံရိုက်ပေး ....
ဒီဆိုင်လေးက view လှတယ် ...."ပြုံးစိစိနှင့် အဖု မျက်နှာလေးအား တောင်းဆိုနေသလိုလေးကြည့်ကာ ပြောလိုက်လေတော့ ....
"ရိုက်ပေးမယ် အခု မုန့်နဲ့ Bubble tea
နင်ကိုယ်တိုင်ငွေရှင်းပြီး ဗန်းနဲ့သေသေချာချာ
သယ်လာခဲ့ ..."အဖုက ထိုင်လျက် ဖုန်းကိုယူကာပြောလိုက်လေတော့သည်။
အိုင်းယ လည်းထွက်သွားတော့ ခုံမှာထိုင်နေတဲ့ Fu တစ်ယောက် camera ချိန်ရန် ဖုန်းကိုဖွင့်ပြီး ထိုင်ရာမှ ထလိုက်လေတော့ ....
"ဘုန်း ...."
ခနဲ ကျသွားသော ဗန်းနှင့်အတူ လက်ပေါ်သို့ဖိတ်ကျသွားတဲ့ black coffee ခပ်ပူပူတို့ကြောင့် Luke ရဲ့ အင်္ကျီရင်ဖတ်မှာ ပူလောင်ပြီးစိုစိမှုဒဏ်ကိုခံစားလိုက်ရလေတော့သည်။
လက်ဖမိုးနုနုလေးတို့မှာ အပူကြောင့်ရဲတက်လျက် ....
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...