Chapter 30 Unicode

430 71 8
                                    

          ကျွန်တော်သူ့ဆီက ခွင့်ပြုချက်မယူဘဲ ရုတ်တရက်ကြီးနမ်းလိုက်တော့ ....သူလန့်ပြီးအံ့ဩသွားလို့ ထွက်ပြေးသွားတာများလား။

ဒါမှမဟုတ် သူရှက်ပြီးစိတ်ဆိုးသွားတာများလား။

ကျွန်တော် ခေါင်းတွေထူပူနေမိတယ်။

အရင်က ဘာဘဲလုပ်မိလုပ်မိ ဘာကိုမှဂရုမစိုက်တဲ့ကျွန်တော် .....ဒီတစ်ခါ ကိုယ့်စိတ်ကိုပင် အံ့ဩမိသည်။

ကျွန်တော့်ကိုကျွန်တော်ပင် မထင်ထား ....

အခုတော့ သူ့ကိုချော့မယ်ဆိုပြီး သူ့အခန်းရှေ့တောင်ရောက်နေမိပြန်တယ်။

"ဒေါက် ... ဒေါက်"

အခန်းတံခါးကိုခေါက်လိုက်တော့ သားသားက အထဲကနေ တံခါးလာဖွင့်ပေးတယ်။

ကျွန်တော် လည်းတံခါးဖွင့်ပြီး ရုတ်တရက်ဆိုသလို ၀င်လာတော့ ရေချိုးခန်းထဲကနေ ထွက်လာတဲ့ ပုံစံနဲ့ Fu တစ်ယောက် သပတ်ကို ပတ်လျက်။

သု့လက်နှစ်ဖက်က ရင်ဖတ်ကို ဖုံးကာ ....

"ဘာလုပ်တာလဲ ...."

ဟုဆိုပြီး အကျယ်ကြီးထအော်လေသည်။

ထို့နောက် ကျွန်တော် ရပ်နေတဲ့ အနားပြေးလာကာ အခန်းတံခါးကိုဆွဲပိတ်ရန်လုပ်တော့ ကျွန်တော်သူ့လက်ကိုလှမ်းဆွဲလိုက်မိတယ်။

ဘာမှမပြောဘဲ သူ့ကိုစိုက်ကြည့်လေတော့ ....

"ဘာလုပ်တာလဲ လွှတ်" ဟုဆိုပြီး အတင်းရုန်းကန်လေတော့သည်။

"လာခဲ့ ငါမင်းကိုပြောစရာရှိတယ်"

ဆိုပြီး ကျွန်တော့်အခန်းထဲဆွဲခေါ်လာမိတယ်။

အခန်းထဲရောက်တော့ ကျွန်တော်လည်းအခန်းတံခါးကိုပိတ်လိုက်သည်။

"ဘာဖြစ်နေတာလဲ ...."

ဟု အဖု က ဆိုပြီး ကျွန်တော့်ကိုနောက်ကျောခိုင်းကာ လှည့်ထွက်သွားရန်ပြင်တော့ ကျွန်တော်လည်းဘာရယ်မဟုတ်ဘူး သူ့လက်ကို ဆက် ခနဲ ဆွဲလိုက်ပြီး ကုတင်ပေါ်တွန်းချလိုက်မိတယ်။

"ဘယ်လိုဖြစ်နေတာလဲ Luke ကို အဖု ဘာလုပ်လို့လဲ။ပြသနာလာမရှာနဲ့ အဖု ပင်ပန်းနေတယ်"

A Guide To Life ( U + Z )Where stories live. Discover now