Chapter 8 Unicode

450 63 0
                                    

September 25

8:30 AM

"Luke ..."

ကျွန်တော်တစ်ယောက် ထမင်းစားခန်းထဲ သွင်ဟန်ရှင်းဖျော်ပေးတဲ့ Ice-coffee ကို အရသာခံကာသောက်နေတုန်း ..သူမကခေါ်လေတော့ ခွက်ကိုချကာ

"ဘာလဲ ..."

ဟု မျက်စောင်းထိုးကာဖြေလိုက်မိတယ်။သူက မဝံ့မရဲ မျက်နှာထားနှင့်ကျွန်တော့်ကိုပြန်ကြည့်ကာ

"ဟို ..ငါ့မောင‌်လေး အခြေအနေ ....
သူစာလိုက်လုပ်ရဲ့လား ...."

စာသင်လာတဲ့တစ်လကျော်အတွင်းတစ်ခါမှမမေးဖူးဘဲ ဒီနေ့မှလာမေးလေတော့ နည်းနည်းတောင်ရယ်ချင်သွားမိတယ်။

"ဉာဏ်ကတော့ ကောင်းတယ်
စာလည်းလုပ်ပါတယ် ဘာဖြစ်လို့လဲ"

"အော် မဟုတ်ပါဘူး ....
သူနင့်ကိုတခုခု ကလန်ကဆန်လုပ်တာတို့
ခံပြောတာတို့ရှိရင် ငါ့ကိုပြောနော် ....
သူ့ကိုမဆူပါနဲ့ ....."

ငါ့တပည့်ဘဲ ငါဆူချင်ဆူမှာပေါ့ စောက်ရူးရဲ့။
ပြောချင်ပေမယ့်အောင့်ထားကာ

"ဘာဖြစ်လို့လဲ " လို့ ကျွန်တော်

တစ်ခွန်းတည်းမေးလေတော့ ...

"Fu လေး ငါးတန်းတက်မယ့်နွေရာသီမှာ ငါတို့မိသားစုက Broken family ဖြစ်သွားတယ်ဟာ ... "

သူတစ်ခါမှမပြောပြဖူးဘူး ...သူတို့မိသားစုက broken family ဆိုတာကို ...အင်းမတိုက်ဆိုင်သေးလို့မပြောတာနေမှာပါ။

သူ့စကားကိုကျွန်တော်ဖြတ်မပြောဘဲ

"အင်း" ဟုသာဖြေလိုက်မိသည်။

"အဖေနဲ့အမေရဲ့ အိမ်ထောင်ရေးကတကယ်ကို
မပြေလည်ခဲ့ဘူး။ရန်မဖြစ်တဲ့နေ့ကမရှိသလောက်ရှားတယ်။"

ကလေးတွေလည်းတော်တော်ပင်ပန်းမှာဘဲ။
ကျွန်တော် စကားဖြတ်မပြောဘဲ သူပြောသမျှကိုခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်နေမိသည်။

"ရန်ကုန်မှာအနေများတဲ့ငါ့ထက် အဖုက အဖေနဲ့အမေရဲ့ဆက်ဆံရေးကိုသူပိုသိတယ်။ သူ့အရှေ့မှာရန်ဖြစ်နေတဲ့ အဖေနဲ့အမေကြောင့် သူကနည်းနည်းပါးပါးအော်ပြီးဆူမိရင်တောင်မျက်ရည်ကအလိုလိုကျပြီးသား ...သူကတခုခုဆိုအရမ်းအားငယ်တတ်လို့ ပြီးရင် အချစ်ခံချင်တယ်"

A Guide To Life ( U + Z )Where stories live. Discover now