Chapter 39 Unicode

447 71 3
                                    

သားသားရော အဖု ရော ဆေးရုံတစ်ပတ်လောက်ဘဲတက်ခဲ့ရတယ်။

ဒီနေ့တော့ နှစ်ယောက်သားဆေးရုံဆင်းတဲ့နေ့ပေါ့။

သားသားနဲ့ အဖုကကားအနောက်ခန်းမှာထိုင်နေခဲ့တယ်။ကျွန်တော်လည်း Back မှန်ကနေကြည့်တော့ အဖုက ကားအပြင်ဖက်ကိုဘဲ စေ့စေ့စပ်စပ်‌ကြည့်နေခဲ့တယ်။

ကျွန်တော့်ကိုမြင်ရင်ထပ်ပြီးဒေါသထွက်မိမှာစိုး
လို့ထင်ပါတယ်။

ကျွန်တော်လည်း ကားကိုခပ်မြန်မြန်မောင်းပြီး အ်အမြန်ပြန်ခဲ့မိတယ်။အိမ်ရောက်တော့ သားသားက အောက်ထပ်မှာဟိုပြေးဒီပြေးနဲ့ဆော့နေပေမယ့် အဖုကတော့ ရောက်ကတည်းက အပေါ်ထပ်က သူ့အခန်းထဲတန်း၀င်သွားလေသည်။

သူ့ကိုသာအပြစ်မတင်ခဲ့ရင် အခုလိုတွေဖြစ်လာမှာမဟုတ်ဘူး။

အဖုဆေးရုံဆင်းပြီးကတည်းက ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကလည်း လက်ထပ်ခါက တုန်းကလို ဆက်ဆံရေးမျိုးပြန်ဖြစ်သွားခဲ့တယ်။

အရင်လိုဘဲ

ကျွန်တော်အပြင်ကပြန်လာရင် ဧည့်ခန်းထဲမှာရှိမနေဘူး။ထမင်းလည်းမျက်နှာချင်းဆိုင်မစားတော့ဘူး။

အိမ်မှာ ကျွန်တော်ရှိနေတဲ့ အချိန်ဆို သူက ရှိနေလို့ရှိနေမှန်းတောင်မသိပါဘူး။တစ်အိမ်တည်းနေပြီးမျက်နှာမမြင်ရတာ နဲ့ချီပြီးတောင်ကြာနေခဲ့တယ်။

______A Guide To Life_______

December ( Sunday )

အလုပ်ပိတ်ရက် ကျွန်တော်ဧည့်ခန်းထဲထိုင်ရင်း ဖုန်းသုံးနေတုန်း သားသားနဲ့အဖုက အထုတ်တစ်ထုတ်ဆွဲကာ အိမ်ပေါ်ကနေဆင်းလာခဲ့လေသည်။

A Guide To Life ( U + Z )Where stories live. Discover now