Chapter 15 Zawgyi

409 48 8
                                    

အိမ်ကြီးရှင်ရဲ့ အသဲခိုက်အောင် ချစ်ရပါသော အဖုလေး ကတော့ အိတ်တလုံးကိုဆွဲကာ အောက်ထပ်ဆင်းလာလေတော့

"အဖုလေး ဘယ်သွားမလို့လဲ "

အိမ်က Driver က မေးလေသည်။

"ဒါလေးကားပေါ်တင်ပေးပါ ..."

ဟုဆိုပြီး လက်ထဲက အိတ်ကိုထိုးပေးကာ ကားအနောက်ခန်းတံခါးကိုဖွင့်ပြီးဝင်ထိုက်လိုက်သည်။

Driver လည်း ကားပေါ်တက်ကာ မှန်ကနေအနောက်ကိုကြည့်လိုက်တော့ ကောင်လေးရဲ့နှုတ်ခမ်းက သွေးစွန်းနေတဲ့ဒဏ်ရာတွေ ...

"အဖုလေး ဘာဖြစ်တာလဲ ‌"

"ဘာမှမဖြစ်ဘူးလေးလေး
မနက်က အိပ်ချင်မူးတူးနဲ့ ခိုက်မိတာ
အဖွားကိုပြောပြီးပြီ အဖုကို မိုးကုတ်ပြန်ပို့ပေးနော်"

"အင်းအင်း ပို့ပေးမယ်"

ကားကတော့ မိုးကုတ်မြို့ဆီဦးတည်လျက်။

မျက်ရည်တွေက ဖန်သားမဟုတ်လို့သာဘဲ
ဖန်သားတွေသာဖြစ်ခဲ့ရင် ကျကွဲသံတွေကို
ခင်ဗျားက နားငြီးတယ်ဆိုပြီး
ထပ်ပြောနေမှာ ......

ထူးတော့ထူးဆန်းတယ် ...
မပိုင်ဆိုင်ဖူးပေမယ့် ဆုံးရှုံးသွားသလိုမျိုးကြီး
ခံစားနေရပြန်တယ် .....

အော် ဖန်ကွဲစမဟုတ်တဲ့ မျက်ရည်လေးတွေ
ထပ်ကျလာပြန်ပြီ ....နှုတ်ခမ်းထောင့်တွေကလည်းယောင်လို့ ....

_____A Guide To Life______

"ဒေါက် ဒေါက် ဒေါက်"

အဖုတစ်ယောက်ငိုပြီး ဖရိုဖရဲနဲ့ထွက်ပြေးသွားလေတော့ Luke ရဲ့အမေလည်းစိတ်ပူကာ Luke အခန်းတံခါးကို မနားတမ်းခေါက်နေတော့သည်။

တံခါးလာဖွင့်ပေးတော့ အပေါ်ပိုင်းက ဘာမှမ၀တ်ထားတဲ့ Luke ... ချွေးတွေရွဲစိုနစ်လို့

"နင် အဖုကိုဘာလုပ်လိုက်တာလဲ"

ဒေါသတကြီးမေးလာတဲ့ အမေ့စကားကြောင့်

"ခါတိုင်း အမေမအော်ဖူးဘူး
အဲအခြောက်လေးအတွက်နဲ့လာအော်နေတာလား"

ကလန်ကဆန် နည်းနည်းဆန်သွားတဲ့ Luke ရဲ့ တုံ့ပြန်မှု အဆုံးမှာတော့ အမေဖြစ်သူက လက်မောင်းကို အားနဲ့ရိုက်ချလိုက်သည်။

A Guide To Life ( U + Z )Where stories live. Discover now