June 6
ဒီနေ့က ကျွန်တော် Luke တို့အိမ်ကို မိသားစု၀င်အဖြစ် စရောက်တဲ့ နေ့။
Luke ကမိုးကုတ်အထိလိုက်လာပြီ ကျွန်တော့်အဖွားကို တောင်းပန်ကာ ကျွန်တော့်ကိုခေါ်လာခဲ့တယ်။
လက်မခံချင်လည်းလက်ခံမှရမယ့်အခြေအနေတစ်ခုမှာ ကျွန်တော့်ကိုမချစ်တဲ့ Luke က လက်ခံခဲ့ရတယ်။ကျွန်တော့်ခန္ဓာကိုယ် Luke ရဲ့ဒေါသ နှစ်ခုစလုံးရင်းပြီးတည်ဆောက်ခဲ့ရတဲ့အိမ်ထောင်ရေးလေး .....
သာယာပါစေလို့ဘဲ ခဏခဏ ရေရွတ်ကာဆုတောင်းနေမိပါတယ်။"ဒါမင်းနေရမယ့် အခန်းဘဲ ...."
ကျွန်တော့်အရှေ့ကအခန်းရဲ့တံခါးကိုဖွင့်လိုက်ပြီး အခန်းထဲ၀င်ရန်ညွှန်ပြတဲ့ Luke ကြောင့် တကယ်ပင်အံ့ဩရပါသည်။
"သျှောင်နောက်စထုံးပါ " ဆိုတဲ့စကားပုံက အကြီးကြီးလွဲနေခဲ့ပေမယ့် ကျွန်တော့်ခင်ပွန်းအနောက်ကို ယုံယုံကြည်ကြည်လိုက်လာခဲ့ရတဲ့ကျွန်တော် ....သူပြောသမျှကို ခေါင်းငြိမ့်ကာ လက်ခံရုံမှအပ တစ်ခြားဘာဆိုဘာမှမတတ်နိုင်ခဲ့ဘူးလေ။
"ဟုတ်ကဲ့ ..." ဟုဆိုကာ ခေါင်းကိုငြိမ့်ရင်း အခန်းထဲအိတ်ဆွဲကာ ၀င်လာလိုက်မိတယ်။
သူကတော့ ကျွန်တော့်ကိုရွံလို့ထင်ပါရဲ့ အခန်းထဲတောင်၀င်လိုက်မလာခဲ့ဘူး ....
ဒီနေ့က လက်ထပ်စာချုပ်မှာလက်မှတ်ထိုးခဲ့တဲ့ ကျွန်တော်တို့နှစ်ယောက် မင်္ဂလာယူရမယ့်နေ့။
ဒီည ဟာဆိုရင်လည်း နှစ်ယောက်သားရဲ့ မင်္ဂလာဦးညဆိုပေမယ့် ကျွန်တော်က မသန့်စင်တော့တဲ့သတို့သားပါလေ။
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...