Chapter 22 Zawgyi

334 60 7
                                    

ကျွန်တော် နိုးလာတော့ မမ က ကျွန်တော့်အနားကပ်ပြောတယ် .....

"အဆင်ပြေရဲ့လား" တဲ့ ....

ခေါင်းငြိမ့်ပြလိုက်ပြီး

"ကလေး ကရော ...."

လို့မေးမိတယ်။ အမ က ‌ကျွန်တော့်ကုတင်ခြေရင်းနားလေးကို မေးငေါ့ပြတယ်။ ကျွန်တော်လှမ်းကြည့်တော့ Luke က ကလေးကို ချီပြီး နို့ဗူးတိုက်နေတယ်လေ။

"မမခေါ်လိုက်တာလား ....."

"အင်း ...."

Luke က ကျွန်တော်နိုးနေတာကိုတောင်သတိမထားမိလောက်ဘူး။သူ့မှာ သူ့သားလေးနဲ့ အလုပ်ရှုပ်နေလို့။

ကျွန်တော် ခွဲခန်းထဲက ထွက်လာကတည်းက ကလေးကိုမတွေ့ရသေး ....

ခဏ နေတော့ Luke က သားလေးကိုချီပြီး ကလေး အိပ်ရုလေးပေါ် သိမ့်ရှာသည်။

ထို့နောက် ကျွန်တော့်အနား ကပ်ကာ ...

"နောက်ပတ်မှခွဲမွေးမှာဆို ...."

ကုတင်ဘေးကခုံပေါ်ထိုင်ပြီး ကျွန်တော့်ကိုကြည့်ကာမေးလေသည်။

"Due date က နောက်အပတ်ဆိုတော့"

သူကအမြဲ ကျွန်တော့်စကားကို ဆုံးအောင်နားမထောင်တတ်ဘူးဆိုတာ ကြိုသိပြီးသား ။

အခုလည်း ကျွန်တော့်စကားမဆုံးခင်

"မွေးချင်နေသလို ဖြစ်နေတာတို့
ဘာတို့မဖြစ်ဘူးလား ....
အခုတော့ နယ်ကနေပြန်လာရတယ်"

ကျွန်တော့်ကိုမျက်စောင်းထိုးပြီး
တစ်ဖက်ကိုလှည့်သွားကာ ဆိုလေသည်။

"တောင်းပန်ပါတယ် ...Fu လည်း
‌မမွေးလောက်သေးဘူးထင်လို့ပါ"

"ဆင်ခြေတွေချည်းဘဲ ....."

Luke စကားအဆုံး၌ မမ က

"အခုက ဘာဖြစ်နေတာလည်း
ကလေးလည်းမွေးပြီးပြီ
နင့်ကိုလည်း အသိပေးရုံဘဲ
လာပါလို့ ငါခေါ်လို့လား
နင့်ဟာနင်လိုက်လာပြီး ..."

လို့ပြောလိုက်တော့

"ဟဲ့ ငါပြောတာက အိမ်မှာ နေ့စေ့လစေ့ကြီး တစ်ယောက်တည်း ကျန်ခဲ့လို့ပြောတာ ...."

သူကျွန်တော့်ကိုစိတ်ပူနေတာများလား ...
သူ့ကလေးကို အန္တ‌ရာယ်ကင်းကင်းနဲ့မွေးပေးလို့
ကျေးဇူးတင်တဲ့သဘောနဲ့ စိတ်ပူနေတာလား။

A Guide To Life ( U + Z )Where stories live. Discover now