Chapter 38 Unicode

449 73 2
                                    

နောင်တဆိုတာ နောက်မှရတတ်တဲ့ အရာမျိုး။

ကျွန်တော်သာ အဖုကိုအပြစ်တွေမတင်ခဲ့ရင် အခုလိုဖြစ်လာစရာအကြောင်းတစ်စက်ကလေးမှရှိမှာမဟုတ်ဘူး။

ဘယ်တတ်နိုင်မလဲ ... ကိုယ့်ကိုယ်ကို အပြစ်တင်ရုံမှလွဲပြီး ...

နေမကောင်းတဲ့ သားသား ကို ဟန်ရှင်း နဲ့ ထားထားလိုက်ပြီး ကျွန်တော်ကတော့ လူနာကုတင်လေးပေါ်မှာသတိမေ့နေတဲ့ ကျွန်တော့်ခင်ပွန်းအနားမှာဘဲ စောင့်နေမိသည်။

အရမ်းလည်း ၀မ်းနည်းမိတယ်။

အခုတော့ သားသားလေးလားမီးမီးလေးလားမသိတဲ့ ကျွန်တော့်ရင်သွေးလေးကတော့ ကျွန်တော့်ကြောင့်ဘဲ အဝေးထွက်ပြေးသွားခဲ့လေပြီ။

ဆေးရုံရောက်မှ အဖုမှာ ကိုယ်၀န်ရှိနေမှန်းကျွန်တော်သိခဲ့တာပါ။သူဘယ်လောက်များစိတ်ထိခိုက်နေမလဲ ....

သူပြန်နိုးလာလို့ ကလေးလေးပျက်ကျသွားခဲ့တာသိရင် ယူကျိုးမရတွေဖြစ်နေမှာ။

"တောင်းပန်ပါတယ် အဖုရေ ....
ကိုယ့်ကလေးလေး ကိုယ့်ကြောင့်အခုလိုဖြစ်ရတာပါ"

သူ့လက်ကလေးကိုကိုင်ရင်း ယောက်ျားတန်မဲ့ငိုနေမိပြန်တယ်။

_______A Guide To Life_____

      ကျွန်တော်သားသားဆီပြန်လာတော့ သူမနိုးသေးဘူး။ဟန်ရှင်းနဲ့ နေရာလဲကာ ကျွန်တော်သားသားအနားမှာထပ်စောင့်နေမိသည်။

သားသားကတော့မေးရှာတယ်။ပါပါးကရောတဲ့လေ။ညီမလေးလိုချင်တယ်လို့ ခဏခဏ ပြောတတ်တဲ့ လေးနှစ်သားလေး ...သူသာ ဒယ်ဒီ့ရင်ထဲခဏလောက်ပြေး၀င်ကြည့်ရင် ကလေးလေးနဲ့ မဆော့ရတော့ဘူး ဆိုပြီး စိတ်မကောင်းဖြစ်နေတော့မှာဘဲ။

A Guide To Life ( U + Z )Donde viven las historias. Descúbrelo ahora