ညနေခင်း အချိန်လေး .....
"ပါပါး သားသား ထမင်းအများကြီးစားတယ်။
မယုံရင် အန်တီလေး ကို မေးကြည့်
ပါပါးကရောဘယ်နေ့ပြန်လာမှာလဲ ဟင် ....."Video call ပြောရင်း တရုတ်ပြည်ရောက်နေတဲ့ အဖေဖြစ်သူက
"ထမင်းများများစားမှပြန်လာမယ်" ဟု ပြောသဖြင့် သူထမင်းစားကြောင်းကို အဒေါ်ဖြစ်သူအား ရှေ့နေလိုက်ခိုင်းနေတဲ့ သားသား .....
"ပါပါး ပြန်လာတော့မှာပါ
သားသားအတွက်ကစားစရာတွေ
အများကြီး၀ယ်နေလို့ ကြာနေတာ"ကလေး မမြင်အောင် မျက်ရည်ခိုးခိုးသုတ်နေတဲ့ အဖေတစ်ယောက် ..... ၀မ်းနဲ့လွယ်ခဲ့ပြီး ဂရုတစိုက်မွေးခဲ့ ရလေတော့ ဘယ်လောက်တောင်မှ သတိတွေရနေလိုက်မလဲ ....
"အိုင်းယ သားသားကိုမုန့်သွား၀ယ်ပေးလိုက်ဦးနော် .....သားသား အန်တီအိုင်းယနောက်လိုက်သွားဦး"
ဟန်ရှင်းတစ်ယောက် ကလေးကို အဝေးပို့ကာ တစ်စုံတစ်ရာအား ပြောရန်ကြံနေလေတော့ ဘာမှမသိတဲ့ အဖြူစင်ဆုံး ကလေးငယ်မှာ အိုင်းယအနောက်လိုက်သွားလေတော့သည်။
"မမ ... Luke ဟို အမ နဲ့ အတူတူမနေတော့ဘူးမလား ဟင် ...."
အော် ... မေးလိုက်တဲ့ မေးခွန်းတွေအထဲ လိုချင်နေတဲ့ အခြေအနေ ဖြစ်ချင်နေတဲ့ ဆန္ဒတွေရောပါနေပါလား အဖု ရယ် .... အမဖြစ်တဲ့ ဟန်ရှင်း ဘယ်လောက်တောင်မှ စိတ်မကောင်းဖြစ်လိုက်မလဲ။သူ့ကိုယ်သူဘဲ အပြစ်တင်နေတော့သည်။သူသာ Luke ကိုစာသင်ပေးဖို့ မတောင်းဆိုခဲ့ရင် ဒီအခြေအနေတွေက ဖြစ်လာစရာအကြောင်းမရှိ။
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...