ကျွန်တော် အိမ်ပြန်လာနေတုန်း .... လမ်းရောက်တော့ အဖုဖုန်းဆက် ခဲ့တယ်။မိုးကသည်း ကားကပိတ် နဲ့ .....
ည ၆နာရီလောက်ဖြစ်နေပြီ။
"Luke ...အဖု party သွားမလို့
သားသားကို မမဆီအပ်ခဲ့တယ်။"ဟုဆိုကာ ဖုန်းချသွားလေသည်။ကျွန်တော့်ဆီကတုံ့ပြန်မှုကိုတော့မယူ။ခွင့်တောင်းတဲ့သဘောမဟုတ်ဘူး ....အသိပေးရုံသက်သက်။ဒီကောင်လေး အခုတလော သိပ်ဆိုးလာတယ်။
သတိထားမိနေပေမယ့် ....သူ့အပေါ်ထားတဲ့ကျွန်တော့်စိတ်တွေကတော့ တနေ့ထက်တနေ့ပိုလေးနက်လာပြန်တယ်။
ည ၇နာရီမှ အိမ်ပြန်ရောက်တဲ့ကျွန်တော်။
ဟို ကောင်လေး ဘယ် party သွားမှန်းတောင်မသိရဘူး ...။ကျွန်တော့်ကိုခင်ပွန်းလိုရော သဘောထားရဲ့လား .ပြန်တွေးကြည့်ရင်လည်း ...ကျွန်တော် လည်း အရင်က အဲလိုလုပ်ခဲ့ဖူးတာဘဲလေ။
ဒါဆိုသူတမင်တကာ ...
ကျွန်တော့်ကိုခံစားနေစေခဲ့တာလား။အော် ဘယ်လိုဘဲဖြစ်ဖြစ်ပါ ...
ကျွန်တော် ရေမိုးချိုး အ၀တ်အစားလဲ ထမင်းစား ပြီး နာရီကြည့်တော့ ည ၈နာရီ။
အခု ဆိုသူပြန်လာလို့ရလောက်ပါပြီ။
ကျွန်တော်ဖုန်းဆက်မယ်လို့ စဉ်းစားပေမယ့်
သူ့သူငယ်ချင်းတွေကြား ကျွန်တော့်ကြောင့်
အနေခက်မှာလည်းစိုးပြန်တယ်။Laptop ကိုယူပြီး အောက်ထပ်က ဧည့်ခန်းမှာဘဲ စားရင်းတွေထိုင်တွက်နေမိတယ်။စိတ်မပါဘူး ....ကိုယ့်စိတ်ကမင်းဆီဘဲရောက်ရောက်နေတယ်။ထိုင်လိုက် ထလိုက် ....
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...