Luke တစ်ယောက် တစ်ဒေါင်လောက် ထူတဲ့ မွေ့ယာပေါ် ခြေဆင်းထိုင်ပြီး ဒူးနှစ်ဖက်ပေါ် တံတောင်ထောင့်ကာ မျက်နှာတစ်ခုလုံးကို လက်တို့နှင့်အုပ်ထားလေတော့သည်။
ငြိမ်လျက် ပေါ့ .....
"မောင် ... အဆင်ပြေရဲ့လား "
နံဘေးတွင် နယုန်တစ်ယောက် လာထိုင်ကာ ပခုံးကိုလှမ်းဖက်ပြီး မေးလေတော့
"ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးလိုက်တာမလား"
Luke တစ်ယောက် ဒေါသတကြီးနှင့် ဝုန်းခနဲထရပ်ကာ အော်ဟစ်ပြီးမေးလေသည်။
"အင်း ..ဟုတ်တယ် ချစ်လက်မှတ်ထိုးလိုက်တာ
မောင်လည်း အဖု ကိုချစ်လို့ယူထားတာမှမဟုတ်တာ"ယုံကြည်မှု အပြည့်နှင့်ပြောနေသော နယုန်အား Luke တစ်ယောက် စိတ်ပျက်စွာကြည့်လိုက်ပြီး
"ကျွန်တော့် သားအတွက်ရော ...
နယုန် ထည့်တွေးထားတယ်ပေါ့ "ဟု မေးလေသည်။
"မောင့် ကို နယုန်ချစ်တယ်လေ။
မောင့်သားက နယုန်သား ဘဲပေါ့။
နယုန် ချစ်ပေးနိုင်ပါတယ်""တောက် ... နယုန် မင်းကွာ"
တောက်တစ်ချက်ခေါက်ပြီး ကုတင်ပေါ်ထိုင်နေတဲ့ နယုန်အား ပခုံးကိုဆောင့်ကိုင်ကာ သက်ပြင်းချလေတော့သည်။
"တော်ပြီ ငါတို့ ဒီမှာဘဲ ရပ်ကြရအောင်
ငါ့ အမေမှာ နှလုံးရောဂါရှိတယ်။
ငါ လိမ္မာချင်ပြီ နယုန်""ဒါပေမယ့် မောင် နယုန့်ကိုချစ်တယ်လေ။
ဟုတ်တယ်မလား မောင်ချစ်တာနယုန်လေ"ထရပ်လိုက်ကာ Luke ရဲ့အင်္ကျီစကိုဆွဲကိုင်ပြီး လှုပ်ခါကာ မေးလေတော့ ....
"မဟုတ်ဘူး ငါအချစ်ဆုံးက ငါ့သားဘဲ
ငါ့သားအတွက် အဖေကောင်းဖြစ်ချင်တယ်။
ငါနောင်တတွေရနေပြီ မို့လို့ မင်းထွက်သွားလိုက်တော့"အခန်းအပြင်ဘက် ကို လက်ညှိုးထိုးကာ ထွက်သွားရန်ဆိုလေတော့ ....
"မောင့်ကို ချစ်လွန်းလို့ နယုန်ပြန်လာခဲ့တာလေ"
"အေး ငါ့ကိုချစ်ရင် ထွက်သွားလိုက်။
မင်း လက်မှတ်ထိုးထားတဲ့ ကွာရှင်းစာချုပ်
ကိစ္စကိုလည်း ငါ လျှော်လိုက်မယ်
မင်းထွက်သွား လိုက် ..."
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...