"အဖု ငါ့ကို မျက်နှာသုတ်ပဝါလေးယူပေး ...."
ရေထဲမဆင်းတဲ့ အဖု အား ရေကူးရာမှ တက်လာတဲ့ အိုင်းယ ကမျက်နှာသုတ်ပဝါယူခိုင်းတော့ အဖုထိုင်နေတဲ့ခုံပေါ်ကမျက်နှာသုတ်ပဝါ ပန်းရောင်လေးကိုလှမ်းပေးလိုက်လေတော့သည်။
မျက်နှာသုတ်ပဝါ ပါမလာတဲ့ အိုင်းယ ....
အိုင်းယကိုစိတ်ကောက်ပြီးရေထဲမဆင်းတဲ့ အဖု ...*ရေမကူးတော့ မျက်နှာသုတ်ပဝါယူမလာတဲ့ အဖု က မျက်နှာသုတ်ပဝါ မပါလာတဲ့ အိုင်းယ က ယူခိုင်းတော့ အိုင်းယ ဟာ ဟု ထင်ကာ အနီးမှာရှိတာကို ဘဲ လှမ်းပေးလိုက်လေသည်။
အိုင်းယ လည်း အဖု မျက်နာသုတ်ပဝါဟုထင်ကာ ဘာမှမပြောဘဲ အိတ်ထဲ ထည့်လိုက်ပြီး ... နှစ်ယောက်သား အိမ်ပြန်ခဲ့ကြလေတော့သည်။
____A Guide To Life_____
"မောင်ရေ ချစ် လေ ဒီအပေါ်မှာတင်ခဲ့တဲ့ မျက်နှာသုတ်ပဝါကရောဟင် ..."
ရေစိုနေတဲ့ ချစ်သူကောင်မလေးက မေးလေတော့
စောင့်နေတဲ့ Luke က ...."ဒီခုံပေါ်မှာတင်ထားတဲ့ မျက်နှာသုတ်ပဝါပန်းရောင်လေးလား ...."
ခုံကိုလက်ညှိုးထိုးကာမေးလေတော့
"အင်း ပန်းရောင်လေး ..."
ခေါင်းလေးငြိမ့်ပြတော့
"တောက် ...ဟိုကောင်လုပ်သွားတာ"
"ဘယ်ကောင်လဲ မောင် "
"ဘယ်သူရှိရမှာလဲ ကော်ဖီဆိုင်မှာဝင်တိုက်မိတဲ့တစ်ယောက်လေ မောင့်ကိုမကျေနပ်လို့ တမင်လုပ်သွားတာဘဲနေမှာ ...."
ဒေါသတကြီးနဲ့ အဝေးတနေရာသို့မျက်ထောင့်နီတို့နှင့်ကြည့်ကာ ပြောနေလေတော့
"မဟုတ်ပါဘူးမောင်ရယ် မှားယူသွားတာနေမှာပါ ....ထားလိုက်တော့နော်"
Luke ရဲ့လက်မောင်းလေးကိုလှမ်းကိုင်ကာ
ခေါင်းလေးမော်ပြီး ပြုံးပြကာ ဆိုရှာသည်။"နော် မောင် ချစ် အ၀တ်သွားလဲလိုက်ဦးမယ်"
ဟုဆိုကာ ထွက်သွားတဲ့ သိပ်ချစ်ရတဲ့ကောင်မလေးရဲ့ နောက်ကျောကိုလှမ်းကြည့်နေပေမယ့် မျက်စိထဲမှာတော့
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...