March လရဲ့ ပထမဆုံးရက် ....
ခါတိုင်းလို 8ခွဲမဟုတ်ဘဲ ည6နာရီကတည်းက ဆရာအစောကြီးရောက်နေခဲ့တယ်။"မင်းစာမေးပွဲနီးပြီမို့လို့ တမင်လာခဲ့တာ"
၇ရက်နေ့ဆိုစာမေးပွဲကဖြေရတော့မယ် .....
ဒီနှစ်ကတော့ တကယ်ပင်စိတ်ပူနေမိတယ်။
အရင်နှစ်တွေကတော့ကျမယ်ဆိုတာကြိုစိနေတော့
ဘာဆိုဘာမှခံစားချက်မရှိ။ဆရာကပြောတယ် 3D ဆိုရင် လိုချင်တာတောင်းတဲ့လေ။ကျွန်တော်တောင်းတာဆရာမပေးနိုင်သလို ကျွန်တော်ကိုယ်တိုင်ကလည်းမတောင်းရဲပါဘူး။
"စာမေးပွဲဖြေဖို့ တပတ်ဘဲလိုပြီနော်
သေသေချာချာလုပ် မင်းအဖွားလည်မှာထားတယ်။"အဖွားက ကျွန်တော့်ဆီကိုသာ နေ့တိုင်းဖုန်းမဆက်တာ။ဆရာ့ဆီကိုတော့ ပုံမှန်ဖုန်းဆက်တယ်ထင်ပါရဲ့။
ကျွန်တော်နဲ့ Luke က အတည်မြဲဆုံးလို့ထင်တာ
ဘဲ ....တခြားဆရာတွေဆို ကျွန်တော့်ဒဏ်မခံနိုင်လို့တပတ်ပြည့်တာနဲ့ထွက်ပြေးတာများတယ်။အဲတာကြောင့်လည်းအဖွားက Luke ကိုယုံကြည်တယ်ထင်ပါရဲ့။
"ဟေး အဖု စာမကျက်ဘဲ ဘာငေးနေတာလဲ"
ဆရာ့စကားကြောင့် ကျွန်တော်မလန့်ခင်မှာဘဲ ဆရာ့ညာလက်ရဲ့ခေါက်ထားသောအဆစ်တို့က ကျွန်တော့်ခေါင်းပေါ်သို့ "ဂေါက်" ခနဲမြည်အောင်ကျလာတော့သည်။( ခေါင်းခေါက်လိုက်တာ )
"အာ့ ...အဖုခေါင်းထဲကစာတွေအပြင်ပြန်ထွက်ကုန်ပြီ"
"ဘာတွေငေးနေတာလဲ စာကျက်စရာရှိတာကျက် .....စာမေးပွဲကဖြေရတော့မယ်"
ကြမ်းပြင်ပေါ်ဒူးပိုက်ကာ နံရံကိုမှီလျက်ထိုင်နေတဲ့ကျွန်တော့်ကို ဆရာက မတ်တပ်ရပ်ကာဆူနေတုန်း
Ph Ringtone 🎵🎶
"Hello ချစ် ...အင်း ..လာခဲ့မယ်"
ဟုဆိုကာ ဆရာကဖုန်းချပြီး ....
"အဖု ဆရာအပြင်ခဏသွားဦးမယ် ....
ခဏဘဲပြန်လာခဲ့မယ်နော် ...."
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...