Chapter 33 Unicode

513 73 4
                                    

ကျွန်တော် ဒီလေးလံလှတဲ့ မောင်ဖုလေးရဲ့ခန္ဓာကိုယ်ကို ချီလိုက် ချလိုက်နှင့် တမောတပန်း အပေါ်ထပ်အထိသယ်လာရသည်။

"ဟူး ...."

အခန်းရှေ့ရောက်မှဘဲသက်ပြင်းချနိုင်တော့တယ်။‌ကလေး မွေးပြီးမှ အဖု နည်းနည်းပိုပြည့်လာသလိုဘဲ။

အခန်းတံခါးဖွင့်ပြီး သူ့အခန်းထဲ၀င်ကာ အိပ်ရာပေါ်ချပေးလိုက်သည်။

"ဝုန်း " ခနဲလဲကျသွားတဲ့ကောင်လေး က ကျွန်တော့်လက်တွေကိုတော့ တင်းတင်းကြပ်ကြပ်ကြီးဆုပ်ကိုင်ထားနေတုန်း။

"မသွားပါနဲ့ ....သားသားနဲ့အဖု ကို မထားခဲ့ပါနဲ့။အဖု ( အက် ) လိမ္မာနေပါပြီ"

ကျွန်တော် သူ့အိပ်ရာပေါ်မှာထိုင်ပြီး ကျန်လက်တစ်ဖက်နဲ့ ‌ဆံပင်တို့ကို ဖွနေမိတော့တယ်။

ကျွန်တော်တွေးနေမိတယ်။သူကျွန်တော့်ကိုချစ်နေတာများလား။သားသားကြောင့်များ ကျွန်တော့်ကို ထားမသွားဖို့ပြောနေတာလား။

ကျွန်တော်အတွေးတွေနဲ့ ဝေခွဲမရဖြစ်နေခဲ့ပေမယ့် ငိုနေတဲ့ သူ့ကိုမြင်တော့ စိတ်မကောင်းဖြစ်မိပြန်ရော ....

အော် ကလေးရယ် မင်းပင်ပန်းလှပြီ။
ကိုယ့်အမှားတွေကြောင့် မင်းအရမ်းနာကျင်ခဲ့ရတယ်။

အရင်က စေတနာတွေရော မေတ္တာတွေရော ဂရုဏာတွေရော နာသုံးနာနဲ့ စာသင်ပေးခဲ့တဲ့ သူ့ရဲ့ Guide ဆရာ ကျွန်တော် ....

လမ်းပြကောင်းလို့ ကလေးလေးအမြင့်ရောက်ခဲ့တယ်။

အခု လည်း ကျွန်တော့်လက်ထဲရောက်လာခဲ့တဲ့ ဒီပန်းလေ ...အသေအချာပြုစုပေးချင်တယ်။မင်းကိုချစ်လို့တော့မဟုတ်ဘူး။မသိစိတ်ကနေတွယ်‌တာနေမိတာမျိုးထင်ပါရဲ့။မင်းရဲ့ဘ၀ ရှေ့ဆောင်လမ်းပြလုပ်ပေးနိုင်တဲ့ လမ်းညွှန်ကောင်းတစ်ယောက်ဖြစ်ချင်တယ်။

A Guide To Life ( U + Z )Where stories live. Discover now