Chapter 18 Unicode

488 83 9
                                    

ည၆နာရီ ကျော်ကျော်လောက်တော့ရှိပြီထင်ပါရဲ့။
အမေက ကျွန်တော့်ကိုဧည့်ခန်းထဲမှာ အတင်းဆွဲကာထိုင်ခိုင်းထားပြီး Luke အလာကို ထိုင်စောင့်ခိုင်းထ‌ားလေသည်။

"အမေ ... Luke ကလေ အပြင်ကနေ
သူပြန်လာတာနဲ့ ကျွန်တော့်ကိုမမြင်ချင်ဘူးတဲ့"

"ရတယ် အမေရှိတယ် ..."

ကျွန်တော့်ဘေးမှာ လာထိုင်ကာ
ခေါင်းကိုခပ်ဖွဖွပုတ်လေသည်။

ကားသံကြားနေရလေတော့ ....

"Luke လာပြီထင်တယ် ..."

ကျွန်တော် အမေ့အနားကပ်ကာ တိုးတိုးလေးပြောလေတော့ အမေက ပြုံးပြကာ ကျွန်တော့်ရဲ့ ငါးလကျော်ကျော်ဗိုက် ကလေးကို လှမ်းပွတ်သတ်ပေပြန်တယ်။

အိမ်ထဲ အိတ်တစ်လုံးကိုဆွဲကာ ၀င်လာတဲ့ Luke .
ကျွန်တော်နဲ့ အမေ့ဖက်ကိုနည်းနည်းလေးမှလှည့်မကြည့်။အပေါ်ထပ်ကိုတန်းတက်ရန်ပြင်နေ‌တုန်း

"Luke လာထိုင်ဦး ..."

ဟုအမေကလှမ်းအော်လေသည်။

Luke ကအပေါ်ကိုဆက်မတက်ဘဲ လှေကားအောက်ဆုံးဆင့်၌ရပ်ကာ အမေ့ဖက်ကို လှမ်းကြည့်ပြီး

"ဘာကိစ္စလဲ အမေ ..."

ဟုမေးလေသည်။အနားကိုတော့ကပ်မလာ
ကျွန်တော့်ကိုရွံလို့ထင်ပါရဲ့ ....

"လာထိုင်ပါဆိုနေ ..."

အမေက လေသံခပ်မာမာနဲ့ပြောမှ ခြေကိုဆောင့်ကာ
အမေ့ရှေ့ကခုံပေါ်၌ လာထိုင်လေသည်။

အမေက Luke ကိုမျက်စောင်းနဲ့တစ်ချက်ကြည့်ပြီး ကျွန်တော့်ဖက်ကိုပြန်လှည့်ကာပြုံးပြလေသည်။

A Guide To Life ( U + Z )Where stories live. Discover now