9:00 PM
Luke .... အဲ မဟုတ်ပါဘူး ...ဆရာ ဟုတ်တယ် ကျွန်တော့်ကို Guide သင်ပေးမယ့့်ဆရာ ဒီနေ့လာမှာဆိုတော့ စာအုပ်တွေဘာတွေကြိုပြင်ပြီး ကျွန်တော့်အခန်းထဲက ကုတင်ခြေရင်းမှာဘဲ စာပွဲဝိုင်းလေးနဲ့ အကျအနပြင်ထားမိတယ် ....
ကျွန်တော်လည်း ဘာစိတ်ကူးပေါက်လို့ပေါက်မှန်းမသိပါဘူး .... Luke နဲ့မသင်ရရင်ဆယ်တန်းမဖြေတောဘူးဆိုပြီး အဖွားကိုတောင်ခြိမ်းခြောက်မိပြန်တယ်။
ကဲ အခုတော့ ပြင်ဆင်စရာရှိတာတွေ အားလုံးပြီးပြီဆိုတော့ 5ယောက်မြောက် Guid ဆရာကိုထိုင်စောင့်နေလိုက်တယ်။
"ဒေါက် .. ဒေါက် .."
တံခါးခေါက်သံကြောင့် ကျွန်တော်အပြေးအလွှားဘဲ ထဖွင့် ပေးမိတယ် ... အော် တံခါးမဖွင့်ပေးခင်တော့ အင်္ကျီတွေဘာတွေတွန့်ကြေနေတာကို နည်းနည်းပါးပါး ပြင်ရသေးရဲ့ .... Luke နဲ့ရင်ဆိုင်ဖို့ နည်းနည်းတော့ ကြောက်သား ...
ကျွန်တော် တံခါးဖွင့်လိုက်တော့ လက်ထဲမှာ ခပ်ထူထူစာအုပ်တစ်အုပ်ကို Luke က ကိုင်ပြီး အခန်းရှေ့မှာရပ်နေတယ် ... Shirt အင်္ကျီလက်ရှည် အဖြူလေးကိုမှ အပေါ်ကြယ်သီးတစ်လုံးဖြုတ်ပြီး၀တ်ထားတယ် ... သူဒီနေ့အရမ်းကြည့်ကောင်းတယ် ဗျ
"ဘာလုပ်နေတာလဲ မ၀င်ခိုင်းတော့ဘူးလား ..."
"အော် ဟုတ် ဒီမှာပါ "
ကျွန်တော် စားပွဲဝိုင်းလေးမှာထိုင်လိုက်တော့ Luke က ကျွန်တော့်အရှေ့မှာထိုင်ပြီး မျက်မှန်ကောက်တပ်လိုက်တယ်။ အရင်က သူမျက်မှန်တပ်တာတခါမှမမြင်ဖူး ဘူး
"Luke က မျက်မှန်တပ်တာလား ..."
"မျက်မှန်တပ်ထားတာမြင်ရဲ့သားနဲ့ ..."
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...