"မင်းကို ဘာအလုပ်မှမလုပ်ခိုင်းဘူး။
အိမ်မှာ အားနေရင်လည်း ကလေးကိုသေချာကြည့်လေ ...."Lukeတစ်ယောက် ရေစိုနေတဲ့အင်္ကျီမှကြယ်သီးတို့ကို ဖြုတ်ရင်း အဖုကို နောက်ကျောခိုင်းကာ စကားကိုတစ်လုံးချင်းပြောနေလေတော့သည်။
"အဖု ကို အားနေတယ်လို့မပြောနဲ့။အ၀တ်လျှော်တာတို့ ဘာတို့ အဖုကိုယ်တိုင်လုပ်နိုင်ပါတယ်"
"အေး မင်းကို ကလေးကြည့်ခိုင်းတာ ကလေးကိုဘဲ ကြည့် တခြားဟာတွေလုပ်မနေနဲ့ ..."
"အခုသားသားက ဘာဖြစ်နေလို့လဲ
ဘာလို့ Luke က အဖုကို တအားလာအော်နေတာလဲ ......"နောက်ကျောခိုင်းထားတဲ့ Luke အရှေ့ကို သွားရပ်ပြီး အော်ပြောနေတဲ့ သူထက် ပိုပြိး ကျယ်လောင်စွာ ထပ်မံအော်ရင်းပြောနေလေတော့သည်။
"မိုးရေတွေဆော့နေတာ ....ငါ့သားအဆုပ်အအေးမိတတ်တာ မင်းမသိဘူး ပေါ့ အဲလိုလား "
အဖုကို စိုက်ကြည့်ရင်း ပြောလေတော့
"သားသား အအေးမိတတ်တာ ကို အဖုသိတယ်။မိုးရေထဲ မထွက်ဖို့ အဖုမှာခဲ့တယ်လေ"
"အေး မင်းမှာမမှာ ငါမသိဘူး ...
ငါ့သား မိုးရေတွေဆော့နေတာတော့ငါသိတယ်။
ဖျားရင် မင်းကြောင့်ဘဲ"လက်ညှိုးငေါက်ငေါက်ထိုးကာ "မင်းနဲ့ငါ" ဆိုတဲ့ သူစိမ်းအသုံးအနှုန်းကြီးကို သုံးရင်းဒေါသတကြီး ပြောနေလေတော့သည်။
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...