June 2 ...
အခုဆို သုံလလောက်တော့ရှိပြီထင်ပါတယ် ...ညဖက်ဆို ဆရာ့ကိုစကားသွားမပြောရဲလို့ active now ကိုထိုင်ကြည့်နေရတာမျိုး .....
ဆရာနဲ့သူ့ကောင်မလေး ပုံတွေ Newfeed မှာတွေ့တိုင်း အခန်းထောင့်မှာကပ်ပြီး အောင့်အောင့်လာတဲ့ ဘယ်ဖက်ရင်ဖတ်ကို ဖိဖိပြီး ငိုနေမိတာမျိုး ....
မမြင်နိုင်လို့ရှောင်ထွက်လာတဲ့ကျွန်တော် ....
အခုလိုအခြေအနေကိုလက်မခံနိုင်လို့ unfollow တောင်လုပ်ထားမိပြန်တယ် ....အော် ထပ်ပြီးမနေနိုင်ဖြစ်ပြန်တဲ့ကျွန်တော်ကဘဲ wall ထဲပြန်ပြန်ဝင်ကြည့်ပြီး သူ့ပုံတွေရှာကြည့်မိနေပြန်တယ်။တခြားသူကြောင့်ပျော်ရွှင်နေမယ်ဆိုရင် အဲ့ဒါကို
ကျနော်မလုယူတော့ပါဘူး ဘယ်လောက်ချစ်ချစ်ကျနော့်အတွက်မဟုတ်ရင်ထားခဲ့မှာ...။Luke နဲ့ ကျွန်တော် ပြန်တွေ့ရင်လည်းပြန်တွေ့မယ် .... မတွေ့ရင်လည်းမတွေ့လောက်တော့ဘူး ....ဒါပေမယ့်ရင်ထဲကပြောချင်တဲ့စကားကတော့ "ကျွန်တော်အဆင်မပြေဘူး" ဆိုတာပါဘဲ။
ဘယ်ဖက်လက်မှာပတ်ထားတဲ့နာရီကိုလှမ်းကြည့်လိုက်တော့ နေ့ခင်း ၁နာရီတဲ့လေ ... ဘယ်လိုဖြစ်လို့ နေ့ခင်းဖက်ကြီးငိုနေမိပြန်တာလဲ အဖု ရေ ...
ယောက်ျားတန်မဲ့ ပါးပေါ်က မျက်ရည်တို့ကို လက်ဖနှောင့်တို့နှင့်သုတ်ကာ သက်ပြင်းချမိပြန်တယ်။ "ဟူး ...နောက်နေ့ထပ်မငိုတော့ဘူး"
ဒီစကားဘဲနေ့တိုင်းရေရွတ်မိနေသလိုဖြစ်နေပြီ။အခန်းထဲကထွက်ပြီး ၀န်ရံတာကိုထွက်ကာ ခပ်သွက်သွက်ပြေးလွှားလာတဲ့လေနုအေးတို့အားတ၀ကြီးရှူလိုက်မိတယ် .....
Ph Ringtone 🎵🎶
"Hello ...မမ"
"ဘယ်နေ့ပြန်လာမှာလဲ အဖု ...
အောင်စရင်းထွက်ပြီးရင် တက္ကသိုလ်တွေဘာတွေလျှောက်ရတော့မှာ ....""လောလောဆယ်တော့ အဖု
မပြန်လာချင်သေးဘူး မမ ""အင်းပါ ပြန်လာချင်တဲ့နေ့ပြန်လာ
အောင်စရင်းမထွက်ခင်ပြန်လာခဲ့နော် ..."
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...