Chapter 26 Zawgyi

371 56 7
                                    

ညနေခင်း အချိန်လေး .....

"ပါပါး သားသား ထမင်းအများကြီးစားတယ်။
မယုံရင် အန်တီလေး ကို မေးကြည့်
ပါပါးကရောဘယ်နေ့ပြန်လာမှာလဲ ဟင် ....."

Video call ပြောရင်း တရုတ်ပြည်ရောက်နေတဲ့ အဖေဖြစ်သူက

"ထမင်းများများစားမြှပန်လာမယ်" ဟု ပြောသဖြင့် သူထမင်းစားကြောင်းကို အဒေါ်ဖြစ်သူအား ရှေ့နေလိုက်ခိုင်းနေတဲ့ သားသား .....

"ပါပါး ပြန်‌လာတော့မှာပါ
သားသားအတွက်ကစားစရာတွေ
အများကြီးဝယ်နေလို့ ကြာနေတာ"

ကလေး မမြင်အောင် မျက်ရည်ခိုးခိုးသုတ်နေတဲ့ အဖေတစ်ယောက် ..... ၀မ်းနဲ့လွယ်ခဲ့ပြီး ဂရုတစိုက်မွေးခဲ့ ရလေတော့ ဘယ်လောက်တောင်မှ သတိတွေ‌ရနေလိုက်မလဲ ....

"အိုင်းယ သားသားကိုမုန့်သွားဝယ်ပေးလိုက်ဦးနော် .....သားသား အန်တီအိုင်းယနောက်လိုက်သွားဦး‌"

ဟန်ရှင်းတစ်ယောက် ကလေးကို အဝေးပို့ကာ တစ်စုံတစ်ရာအား ပြောရန်ကြံနေလေတော့ ဘာမှမသိတဲ့ အဖြူစင်ဆုံး ကလေးငယ်မှာ အိုင်းယအနောက်လိုက်သွားလေတော့သည်။

"မမ ... Luke ဟို အမ နဲ့ အတူတူမနေတော့ဘူးမလား ဟင် ...."

အော် ... မေးလိုက်တဲ့ မေးခွန်းတွေအထဲ လိုချင်နေတဲ့ အခြေအနေ ဖြစ်ချင်နေတဲ့ ဆန္ဒတွေရောပါနေပါလား အဖု ရယ် .... အမဖြစ်တဲ့ ဟန်ရှင်း ဘယ်လောက်တောင်မှ စိတ်မကောင်းဖြစ်လိုက်မလဲ။သူ့ကိုယ်သူဘဲ အပြစ်တင်နေတော့သည်။သူသာ Luke ကိုစာသင်ပေးဖို့ မတောင်းဆိုခဲ့ရင် ဒီအခြေအနေတွေက ဖြစ်လာစရာအကြောင်းမရှိ။

"အော် ... မမ မေ့နေတာ
မနက်က Luke တို့အိမ်က အိမ်အကူအဒေါ်ကြီး
စာချုပ်ပြန်လာပေးသွားတယ်။"

"Luke က အဖုကို မကွာရှင်းပေးဘူးလား ဟင်"

ဟုတ်တယ် မကွာရှင်းပေးဘူး လို့ လိမ်ပြောလို့မှမရတာ ကလေးရယ် .....

"သူ လက်မှတ်ထိုးပြီးပြီ အဖု ....
သူအဲလောက် ပြတ်သားနေပြီလေ
နင်က ဘာလို့ ပျော့ညံ့နေရတာလဲ "

"အော် ဟုတ်လား မမ အဲတာဆို အဖု ပြန်လာတော့မယ် မိုးကုတ်မှာ အဖွားနဲ့နေပြီးသားသားကိုလည်း မိုးကုတ်မှာကျောင်းထားလို့ရတယ် ဟားဟား"

A Guide To Life ( U + Z )Where stories live. Discover now