Chapter 20 Unicode

474 72 10
                                    

        ကျွန်တော်ဆေးရုံကဆင်းပြီးကတည်းက Luke က အိမ်အကူတစ်ယောက်ခေါ်ထားလိုက်တယ်။ကျွန်တော်ဘာမှမလုပ်တတ်တာကတစ်ကြောင်း ဗိုက်ထဲကသူ့ကလေးလေးကိုစိတ်ပူတာကတစ်ကြောင်း မို့လို့ထင်ပါရဲ့ .....

ကျွန်တော့် ကိုယ်၀န် ၇လပြည့်တဲ့နေ့သူအလုပ်ကပြန်လာတော့ သူ့အခန်းရှေ့မှာကျွန်တော်စောင့်နေမိတယ်။

သူလည်းအခန်းရှေ့ရောက်တော့

"Luke " လို့တိုးတိုးလေးခေါ်လိုက်မိတော့
သူကဘာမှမထူးဘဲ ပြောဆိုတဲ့သဘောမျိုးနဲ့ ကြည့်သာကြည့်လိုက်သည်။

"အဖု လေ အဖွားဆီအလည်သွားချင်လို့
အဲတာ Luke ဆီက နေ ..."

ကျွန်တော့်စကားပင်မဆုံးသေးဘူး သူက လက်မခံနိုင်ကြောင်းအရင်ပြောလာခဲ့သည်။

"မရဘူး ကိုယ့်ဗိုက်ကိုလည်းကြည့်ဦး
ကားစီးလို့မရဘူး ...ဆရာ၀န်ပြောထားတာ‌တွေမှတ်ရောမှတ်ထားရဲ့လား မင်း ..."

သူ့လက်ညှိုးငေါက်ငေါက်ထိုးမှုအောက် ကျွန်တော်ခေါင်းပင်မဖော်နိုင်ခဲ့ပါဘူး။စိတ်မကောင်းလည်းဖြစ်မိတယ်။ကိုယ့်ကလေးကိုနည်းနည်းလေးမှဂရုမစိုက်ပေးနိုင်ဘူးဆိုပြီး။

"မင်းကိုစိတ်ပူလို့ပြောနေတာမဟုတ်ဘူး
ငါ့ကလေး တစ်ခုခုဖြစ်မှာစိုးလို့ "

ဟု ဆိုပြီးအခန်းတံခါးကို "ဂျိန်း " ခနဲပိတ်ကာ
အခန်းထဲ၀င်သွားလေသည်။

အင်း ... သူကလေးလေးကိုစိတ်ပူတယ်ဆိုတဲ့ အသိနဲ့တင်ကျေးဇူးတင်မိပါတယ်။ကျွန်တော်ကိုစိတ်မပူလည်း ရပါတယ်လေ။

အဖွားကိုလည်းပြန်ပြောလိုက်တယ်။
Luke က စိတ်မချလို့မလွှတ်ဘူးပြောလိုက်တော့
ဘေးလူဖြစ်တဲ့အဖွားတောင် ကျေနပ်နေလေရဲ့။

Luke ကသာမသိတာပါ ကျွန်တော် Luke ကို အရမ်းချစ်တာ လူတိုင်းသိပါတယ်။

_____A Guide To Life________

         Luke က စာသင်ရတာကို တော်တော်ဝါသနာပါတယ်ထင်ပါရဲ့ ....အလုပ်တွေနဲ့ မအားတာတောင် အချိန်ယူပြီးသင်ပေးနေပြန်တယ်။

A Guide To Life ( U + Z )Where stories live. Discover now