Chapter 21 Unicode

516 74 13
                                    

      ဒီနေ့က ကျွန်တော့်ကိုယ်၀န်လေး ၈လနဲ့၁ပတ်ပြည့်တဲ့နေ့ .... နွေရာသီမို့ထင်ပါရဲ့ အိုက်စပ်စပ်နဲ့

ဘယ်လိုမှအိပ်မပျော်နိုင်တော့ ထလိုက်ပြီး ၀န်ရံတာဖက်ကို လမ်းလျှောက်ထွက်မိတယ်။၀န်ရံတာကနေကြည့်ရင် ကျွန်တော့်အခန်း ( အရင်တုန်းက နေခဲ့တဲ့အိမ် ) ကိုတည့်တည့်ကြီးမြင်နေရတယ်

အိမ်ထဲကနေအိမ်ပြင်မထွက်ဘဲ ‌တနေကုန်နေနေရတာ ဘယ်လောက်များ ငြီးငွေ့လဲဆိုတာ နေဖူးတဲ့သူတိုင်းသိမှာပါ။

အရင်တုန်းကလို ဂိမ်းမဆော့တော့ဘူး။
နေ့ခင်းကြောင်တောင်အထိမအိပ်‌တော့ဘူး။
အစစ အရာရာ ရင့်ကျက်လာလို့အဖွားကတောင် Luke ကိုကျေးဇူးတင်နေလေသတဲ့။

အော် .... အချစ်မပါတဲ့ အိမ်ထောင်ရေးမှာ ဒီရင်သွေးလေး က မြစ်ဖျားခံနေလို့သာဘဲပေါ့။မဟုတ်ရင်ပြိုကွဲတာကြာပါပြီလေ။

ဒီနေ့လပြည့်နေ့များလား ... ကောင်းကင်ကိုမော်ကြည့်ရင်း လမင်းကြီးကိုပြုံးပြမိပြန်တယ်။

ရုတ်တရက် ....

"မင်း မအိပ်သေးဘူးလား ...."

Luke က ပခုံးပုတ်ကာမေးလေတော့ ကျွန်တော်လည်းအနောက်လှည့်ကြည့်ကာပြုံးလိုက်ပြီး

"ရာသီဥတုနည်းနည်းပူနေလို့ ..."

ဒါပထမဆုံးအခေါက်ဘဲ မအိပ်သေးဘူးလား ဆိုပြီးအမေးခံရတာ။ရုပ်ကတည်နေပေမယ့် အရင်လို ဒေါသထွက်နေတဲ့ အရိပ်အရောင်မျိုးမမြင်ရလို့ စိတ်တော့နည်းနည်းပါးပါးသက်သာရာရောက်မိတယ်။

"မင်း အခန်းထဲမှာပူတယ်မလား ...."

"ဟုတ် ...."

ခေါင်းငုံ့ရင်း ‌ပြန်ဖြေမိသည်။ကျွန်တော်သူ့ကို ငါးစက္ကန့်ထက်ပိုပြီး မကြည့်ရဲဘူး။ဒါလည်းကျွန်တော့်ရဲ့အားနည်းချက်တစ်ခုဖြစ်မှာပါ။

A Guide To Life ( U + Z )Where stories live. Discover now