Chapter 17 Unicode

485 74 5
                                    

"ဘာမှနလုပ်ဘဲထိုင်နေပါဆို အဖုကလဲ"

ကျွန်တော့်လက်ကိုဆွဲကာ ဆိုဖာပေါ်တွင်ထိုင်ခိုင်းလိုက်တဲ့ Luke အမေ ....

"အခုမှ ငါးလ ဘဲရှိသေးတာ
ဒီလောက်လေးတော့ဘာမှ
မဖြစ်လောက်ပါဘူးအမေ"

အမေ့လက်ကိုမလွှတ်သေးဘဲ
ဆွဲထားလျက် ထိုင်ရာမှခေါင်းလေးမော်ကာ
ရယ်ရင်း ပြောလေတော့ ....

"အို .. မရပါဘူး
ဘာမှမလုပ်ရဘူး ပန်းကန်လည်းမဆေးနဲ့"

ဟုဆိုကာ အမေက
ဆံပင်တို့အားဖွက ပြုံးလျက်ပြောရှာသည်။

ထိုစဉ်

အပြင်ကနေ အိတ်ကိုဆွဲကာ၀င်လာတဲ့ Luke.
အလုပ်ကပြန်လာတာဘဲနေမှာပါ။

ဧည့်ခန်းထဲ ထိုင်နေတဲ့ကျွန်တော် နဲ့ အမေကိုလှမ်းကြည့်လိုက်ပြီး

"ပန်ကန်ဆေးတာလောက်နဲ့တော့
ဗိုက်က ကျမသွားပါဘူး ..."

ဟုဆိုကာ အပေါ်ထပ်သို့တက်သွားလေတော့သည်။

Luke ပြောတာလည်းဟုတ်ပါတယ်လေ
ကျွန်တော်ကဘဲ အပိုတွေလုပ်မိနေတာထင်ပါရဲ့။
သားဦးလေးမို့လို့ ဘာမှမသိဘဲ အတွေးလွန်မိပြန်တယ်။

ကျွန်တော်ငေးကာ တွေးနေလေတော့
အမေ က ကျွန်တော် ခေါင်းလေးကိုပုတ်ကာ

"Lukeကသားသိတဲ့အတိုင်းဘဲ
သူ့ကိုစိတ်မဆိုးနဲ့နော် ..."

အမေ က တော့ သူ့သားကိုစိတ်မဆိုးရန်
ကျွန်တော့်ကိုဖြောင်းဖြလေသည်။

အရင်ကတည်းကလည်း ကျွန်တော်တစ်ခါမှစိတ်မဆိုးဖူးပါဘူး။ကျွန်တော့်မျက်နှာကိုထိုး ပါးတွေနားတွေရိုက်နေတာတောင် မငိုရဲဘဲကြောင်ကြည့်နေခဲ့တဲ့သူပါ။

A Guide To Life ( U + Z )Where stories live. Discover now