Chapter 25 Zawgyi

417 73 5
                                    

"မောင် ဘာဖြစ်နေတာလဲဟင်
လက်မှတ်ထိုးစရာရှိတာထိုးပေးလိုက်လေ"

ကုတင်ခြေရင်းမှာ ခြေဆင်းထိုင်ကာ ကွာရှင်းစာချုပ်ကို မနားတမ်းကြည့်နေတဲ့ Luke အား နယုန်မေက အနောက်ကနေ ပခုံးကိုသိုင်းဖက်ကာ ဆိုလေတော့

"သားသားရှိသေးတယ် ချစ် ...
မောင် အဖုနဲ့ ကွာရှင်းလိုက်ရင်သားသားက
မိသားစုစုံစုံလင်လင်မနေရဘဲ broken family ကြီးနဲ့နေသွားရလိမ့်မယ် .."

Luke ရဲ့ အဖြေကို နယုန်က သဆဘာမကျဟန်ဖြင့်ကုတင်ပေါ်က ဆင်းလိုက်ပြီး Luke ရဲ့ပေါင်ပေါ်ထိုင်လိုက်ကာ ....

"ချစ် ရှိတယ်လေ ...သားသားကို သေသေချာချာဂရုစိုက်ပေးပါ့မယ် နော် မောင်နော်"

"ဒါပေမယ့် ချစ်ရယ် ...
သာသားက အဖုကိုအရမ်းချစ်တာ ..."

"မောင်နော် ....ချစ်လည်း ကွာရှင်းပြီးတောင် မောင့်ဆီအရောက်ပြန်လာခဲ့ရတာ အခုမောင်ကဘာဖြစ်နေတာလဲ ...."

ပေါင်ပေါ်က ဆောင့်ဆောင့်အောင့်အောင့်နှင်းထကာ Luke ကိုနောက်ကျောခိုင်းပြီး ပြောလေတော့

"မဟုတ်ပါဘူး ချစ်ရယ်
မောင်သေသေချာချာစဉ်းစားဦးမယ်နော်'

အနောက်ကနေ ခါးကို ဖက်ကာ ဂုတ်လေးအား
အနမ်းမိုးရွာလိုက်လေတော့သည်။

"မောင် ...."

"အင်း ...."

"ချစ် မောင့်ကိုအရမ်းချစ်တယ်"

"မောင်လည်းချစ်တယ် ..."

နှုတ်ခမ်းလေးအား တယုတယနမ်းရင်း
ချစ်စဖွယ် သာသာယာယာစကားတို့ကိုဆိုလေသည်။

_____A Guide To Life________

ကလေးလေး စိတ်မကောင်းဖြစ်နေမှာစိုးလို့ ဆိုပြီး
သွင်ဟန်ရှင်းနဲ့အိုင်းယ က စားချင်တာ‌တွေအကုန်လိုက်ဝယ်ကျွေးနေလေသည်။

ရွှေကောင်း ဟော့ပေါ့မှစားမယ်ဆိုလို့ သုံးယောက်သား ဟော့ပေါ့ ဆိုင်ရောက်နေကြပြန်သည်။

"သားသား ကြိုက်တာရွေးလေ ..."

အဒေါ်ဖြစ်သူက ပြောတော့ ပင်လယ်စာနဲ့အရွက်တွေသာရွေးနေတော့သည်။

‌စားပွဲတစ်ခုတွင်ဝင်ထိုင်ကြပြီး အရည်လာချပေးလေတော့ ...သားသားက ခေါက်ဆွဲ တို့ ကြာဇံ တို့တစ်ခုမှညမထည့်ဘဲစားနေပြန်တယ်။

A Guide To Life ( U + Z )Where stories live. Discover now