Chapter 34 Unicode

551 86 6
                                    

"Luke လွှတ်ပါဦး
အဖု အသက်ရှူကြပ်လို့ ပါ"

Luke တကိုယ်လုံး အဖုပေါ်တွင်ဖိထားလိုက်တော့ အောက် ကောင်လေးကလှုပ်မရ ...

လက်နှစ်ဖက်ကို အတင်းချုပ်ကိုင်ပြီး အဖုရဲ့စပို့ရှပ် အဖြူလေးကို အပေါ်ထိ လှန်တင်နေတော့သည်။

"Luke သားသားအိပ်နေလို့ ...ဟင့်"

စကားပြောနေပေမယ့် Luke က အဖုရဲ့လည်တိုင်လေးကို အဆက်မပြတ်နမ်းနေလေတော့ အနမ်းခံရသူမှာလည်း ဆက်မပြောနိုင်တော့ပေ။

"ယားတယ် ...မလုပ် မလုပ်ပါနဲ့တော့"

လည်တိုင်ကိုနမ်းရာကနေ စကားများနေတဲ့ အဖုလေးရဲ့ နှုတ်ခမ်းတစုံအားအတင်းနမ်းရှိုက်ပြန်တယ်။

"အွန့် ....Luke "

လက်ကောက်၀တ်တို့က ချုပ်ထားခံရပေမယ့် လက်ချောင်းတို့ကတော့ မွေ့ယာခင်းကို ဆုပ်ကိုင်ကာ ညည်းညူနေတော့သည်။

ကလေးနိုးမှာလည်းစိုးလေတော့ အများကြီးမအော်ရဲ

Luke က အနမ်းတို့ကိုရပ်ကာ လည်တိုင်တို့အားထပ်နမ်းပြီး အောက်သို့တဖြေးဖြေးဆင်းလာပြန်သည်။

ခုနက နည်းနည်းပါးပါးလှန်တင်ထားသော အင်္ကျီတို့အား အားနှင့်ဆွဲချွတ်ကာ Luke တစ်ယောက် အဖုအပေါ်ခွထိုင်ပြီး သူ့အင်္ကျီကြယ်သီးတွေကိုလည်းချွတ်နေတော့သည်။

အပေါ်ပိုင်း ဗလာဖြစ်နေတဲ့ အဖု တစ်ယောက် ရင်ဖတ်တို့အားဖုံးကာ ကိုယ်ပေါ်မှ အင်္ကျီချွတ်နေတဲ့ Luke အားငေး‌ကြည့်နေတော့သည်။

"Luke ဘာလုပ်မလို့လဲဟင်"

တိုးတိုးလေးမေးတော့

"ချစ်မလို့ ..."

ဟု မူးဝေဝေအသံနှင့်ဖြေလေသည်။

A Guide To Life ( U + Z )Where stories live. Discover now