2weeks later ....
"KyarSan ရေ ငါ့စိတ်ထဲတစ်မျိုးဖြစ်နေတယ်"
"ဘာဖြစ်တာလဲ ....အဖုနဲ့အဆင်မပြေလို့လား ?"
KyarSan ရဲ့အမေးကြောင့် ကျွန်တော်ရေးလက်စ ဘောပင်ကိုချကာ ....
"ဟိုးတစ်ပတ်က မင်းမူးချင်ယောင်ဆောင်ခိုင်းတာလေ မှတ်မိသေးလား"
သူ့ကိုမေးလိုက်တော့ ....
"အေး မှတ်မိတယ်လေ အဲတုန်းကမင်းတို့အဆင်ပြေသွားပြီမဟုတ်လား"
အဆင်မပြေဘူးလို့ ခံစားနေရပြန်တယ်။
"အဖုက ငါ့ကိုရှောင်နေသလိုဘဲ ...
ငါသူ့ကိုပြုံးပြတော့လည်း ရုပ်တည်ကြီးနဲ့ ပြန်ကြည့်တယ်။ငါ့ကိုစိတ်ဆိုးနေတာများလား"ကျွန်တော့် စကားကို KyarSan က လှောင်သလ်ုမျိုးကြီး တဟားဟားနှင့်ရယ်လေသည်။
"သူရှက်လို့ မင်းနဲ့အကြည့်ချင်းမဆုံတာနေမှာပေါ့ ....."
"ဘာလို့ ရှက်တာလဲ ...
အဲညက သူပြောတော့ ငါ့ကိုချစ်တယ်ဆို"KyarSan က သူ့လက်ထဲက ဘောပင်နဲ့ ကျွန်တော့်ကိုလှမ်းပေါက်ပြီး
"မင်းတို့က ညားတာကြာပြီဆိုပေမယ့်
မင်းသူ့ကိုတစ်ခါမှချစ်တယ်မပြောဘူးလေ။
အခုမှ အဖြေပေးထားတဲ့ ချစ်သူတွေလိုဖြစ်နေတော့ သူလည်းရှက်လို့နေမှာပေါ့ စောက်တုံးရဲ့""ဘာရှက်စရာလိုလို့လဲ သူနဲ့ငါလုပ်ပြီးသွားပြီလေ"
ကျွန်တော် မတော်တဆလေးပြောထွက်သွားတဲ့ စကားကြောင့် KyarSan တစ်ယောက်မှာမျက်လုံးပြူးကာ ပြုံးလျက်
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...