Chapter 37 Zawgyi

310 43 1
                                    

"မင်းကို ဘာအလုပ်မှမလုပ်ခိုင်းဘူး။
အိမ်မှာ အားနေရင်လည်း ကလေးကိုသေချာကြည့်လေ ...."

Lukeတစ်ယောက် ရေစိုနေတဲ့အင်္ကျီမှကြယ်သီးတို့ကို ဖြုတ်ရင်း အဖုကို နောက်ကျောခိုင်းကာ စကားကိုတစ်လုံးချင်းပြောနေလေတော့သည်။

"အဖု ကို အားနေတယ်လို့မပြောနဲ့။အ၀တ်လျှော်တာတို့ ဘာတို့ အဖုကိုယ်တိုင်လုပ်နိုင်ပါတယ်"

"အေး မင်းကို ကလေးကြည့်ခိုင်းတာ ကလေးကိုဘဲ ကြည့် တခြားဟာတွေလုပ်မနေနဲ့ ..."

"အခုသားသားက ဘာဖြစ်နေလို့လဲ
ဘာလို့ Luke က အဖုကို တအားလာအော်နေတာလဲ ......"

နောက်ကျောခိုင်းထားတဲ့ Luke အရှေ့ကို သွားရပ်ပြီး အော်ပြောနေတဲ့ သူထက် ပိုပြိး ကျယ်လောင်စွာ ထပ်မံအော်ရင်းပြောနေလေတော့သည်။

"မိုးရေတွေဆော့နေတာ ....ငါ့သားအဆုပ်အအေးမိတတ်တာ မင်းမသိဘူး ပေါ့ အဲလိုလား "

အဖုကို စိုက်ကြည့်ရင်း ပြောလေတော့

"သားသား အအေးမိတတ်တာ ကို အဖုသိတယ်။မိုးရေထဲ မထွက်ဖို့ အဖုမှာခဲ့တယ်လေ"

"အေး မင်းမှာမမှာ ငါမသိဘူး ...
ငါ့သား မိုးရေတွေဆော့နေတာတော့ငါသိတယ်။
ဖျားရင် မင်းကြောင့်ဘဲ"

လက်ညှိုးငေါက်ငေါက်ထိုးကာ "မင်းနဲ့ငါ" ဆိုတဲ့ သူစိမ်းအသုံးအနှုန်းကြီးကို သုံးရင်းဒေါသတကြီး ပြောနေလေတော့သည်။

အမှား လုပ်မိတဲ့အဖုက တော့ အသံမထွက်ဘဲ ငိုမိနေတော့တယ်။အခန်းပြင်ပြေးထွက်ပြီး ဂျိန်းခနဲမြည်အောင်တံခါးပိတ်ကာ သူ့အခန်းထဲဝင်သွားတော့သည်။

ထိုနေ့ညမှာဘဲ သားသားတစ်ယောက် အအေးမိကာ ဖျားလေတော့သည်။ အရမ်းကို ပျော့တဲ့ ဒီကလေး ...နည်းနည်းလောက်ကိုယ်ပူတာနဲ့တင် အသည်းအသန်ဖြစ်တတ်လေသည်။

ည တစ်နာရီ ကြီး ကလေးကို စမ်းလိုက်တော့ ခြေဖျားလက်ဖျားတွေအေးကာ တကိုယ်လုံးပူကျစ်လျက်။

"Luke..."

အဖုလည်းတံခါးကိုခေါက်ပြီး အိပ်ပျော်နေတဲ့ Luke ကို အသည်းအသန်နှိုးနေတော့သည်။

A Guide To Life ( U + Z )Where stories live. Discover now