အချိန်တွေဘယ်လိုလုပ် ကုန်လာခဲ့မှန်းတောင်မသိပါဘူး။
အရင်ကအရက်မသောက်တတ်တဲ့ကျွန်တော်။
အဖုအပေါ်အမှားလုပ်လိုက်မိတဲ့နေ့က ကျွန်တော်ပထမဆုံးအရက်သောက်ဖူးတဲ့နေ့ပါ။အဲလိုအမှားမျိုးနောက်ထပ်ဖြစ်မှာစိုးလို့ကျွန်တော်အရက်ဖြတ်ခဲ့တာအခုဆိုသားသားတစ်သက်ပါဘဲ။ဒါပေမယ့်လည်း ဘယ်တတ်နိုင်ပါ့မလဲ။
သိပ်ချစ်ရတဲ့သူတွေဘေးမှာရှိမနေတော့ဟလုပ်ချင်ရာတွေဇွတ်လုပ်နေမိတယ်။အခုဆို February လပင်ရောက်နေပြီ။အဖုနဲ့သားသားပြန်မလာခဲ့တာ ငါးလပင်ပြည့်တော့မယ်။သားသားမွေးနေ့လည်းနီးနေပြီ။
ဘယ်လိုခံစားရလဲဆိုတာ ခံစားဖူးတဲ့သူတိုင်းသိမှာပါလေ။ဘာမှမရှိတော့သလိုမျိုး ....ဘာမှကိုမပိုင်ဆိုင်တော့သလိုမျိုး ဟာတာတာကြီးခံစားနေခဲ့ရတယ်။
Ph Ringtone 🎵🎶
ဖုန်း screen ပေါ်မှာ လူနာမည်ပေါ်နေပေမယ့် တနေ့လုံးတညလုံးသောက်ထားတဲ့အရှိန်ကြောင့် ကျွန်တော်ဘာကိုမှသဲသဲကွဲကွဲမမြင်ရဘူး။အကုန်လုံးကမှုန်ရီမှုန်ဝါးနဲ့။
"Hello"
"မင်းဘယ်နေ့အလုပ်လာမှာလဲ ကွ ....
ဘာတွေလုပ်နေတာလဲ Luke "ကျွန်တော်ထင်လိုက်ပါပြီ ... KyarSan ဘဲနေမှာပါ။
အဖုနဲ့သားသားမရှိတော့ကတည်းက ကျွန်တော်ထမင်းကိုပင်နပ်မှန်အောင်မစားခဲ့ဘူး။အလုပ်တွေလည်းပစ်ထားမိပြန်တယ်။ဒါပေမယ့် အရက်တွေတော့ ပုံမှန်သောက်ဖြစ်ပါတယ်။မူးလာပြီဆိုမှ နည်းနည်းပါးပါးမေ့မေ့ပျောက်ပျောက်ဖြစ်လို့ပါ။
ဒါပေမယ့် အရှိန်ပျယ်သွားရင်တော့ အလိုလိုလွမ်းလာမိတာမျိုး ..... ဘာမှမလိုပါဘူး အခုနောင်တတွေလည်းရနေပြီမို့လို့ ပြန်လာပေးဖို့ဘဲတောင်းဆိုချင်မိပါတယ်။
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...