Chapter 29 Unicode

453 85 8
                                    

တနင်္ဂနွေနေ့ ....ကျွန်တော်လည်း အလုပ်မရှိတော့ သားသား ကို ကစားကွင်းပို့ပေးမယ်ဆိုပြီး သူမနိုးခင်ကတည်းက ထိုင်စောင့်နေမိတယ်။

၈နာရီလောက်နေတော့ .... သူဆင်းလာခဲ့တယ်။ပြင်ပြင်ဆင်ဆင်နဲ့။ "အင်း ...ဘယ်သွားမလို့ပါလိမ့် ..."

ကျွန်တော်သူ့ကိုလှမ်းကြည့်နေပေမယ့် အဖု က ကျွန်တော့်ကိုမမြင်ချင်ယောင်များဆောင်နေတာလား မသိပါဘူး။လက်ကနာရီကိုဘဲ အသေအချာပတ်နေတယ်။

"အဖု ....ဘယ်သွားမလို့လဲ ဟင်"

ကျွန်တော် အရဲစွန့်ပြီး မေးလိုက်တော့ လှေကားအောက်ဆုံး အထစ်မှာရပ်နေတဲ့ ဒီကောင်လေးက လှောင်ပြုံးကြီးပြုံးကာ ....

"အပြင်သွားမလို့လေ ...."

ဟုဆိုပြီး ခြေလှမ်းသွက်သွက်နဲ့ အိမ်အပြင်ထွက်ရန်ပြင်နေတော့သည်။အိမ်ရှေ့တံခါးအနားရောက်တော့ ....

"တနင်္ဂနွေနေ့ဆိုတော့ သားသား ကို ကစားကွင်း‌ပို့ပေးရင်ကောင်းမလားလို့ "

ကျွန်တော်လှမ်းပြောလိုက်မိသည်။
သူကကျွန်တော့်ကိုနောက်ကျောခိုင်း အနေအထားနှင့်ရပ်နေပြီး .....

"အော် ဟုတ်လား ....
ကောင်းတာပေါ့ သွားကြလေ "

ဟုဆိုပြီး သူ့ကားပေါ်တက်ကာ မောင်းပြီးထွက်သွားလေတော့သည်။ "အင်း ...အရင်လိုမဟုတ်တော့ပါလား " ကျွန်တော်တွေးနေမိတယ်။

စိတ်ဆိုး စိတ်ကောက်လည်း ဒီကလေးက ခဏဘဲဆိုတာ ကျွန်တော်သိနေပေမယ့် ဒီတစ်ခါတော့ တော်တော်ကြာနေပြီ။သူကျွန်တော့်ကိုရွဲ့နေတုန်း။

A Guide To Life ( U + Z )Where stories live. Discover now