Chapter 2 Unicode

703 103 1
                                    

"အား ... နာလိုက်တာ ..."

တောင်ကြည့်မြောက်ကြည့်နဲ့ တမင်တကာအော်နေတဲ့ Fu တစ်ယောက်မှာ ဒူး‌ကအနာသေးသေးလေးအား အတင်းတွေ ပွတ်သပ်နေလေတော့သည်။

"ဟုတ်ပါပြီ ... မင်းအိမ်ကဒီလမ်းထဲမှာလား"

ဘေးမှာ တည်တည်တံ့တံ့ထိုင်ကာ ‌ကားကိုသာအာရုံစိုက်ပြီးမောင်းနေတဲ့ Luke က မေးလိုက်တော့

"ဟုတ် .... ဟိုး မှာ အဲအိမ်ဘဲ ..."

ဟုဆိုကာ လက်ညှိုး တထိုးထိုးနှင့် ညွှန်ပြလိုက်လေတော့သည်။

ကားလေးကတော့ ခြံ၀င်းအတွင်း၀င်သွားတော့ အိမ်ရှေ့က ဒန်းမှာ ထိုင်ပြီး ဖုန်းသုံးနေတဲ့ Fu ရဲ့အမဖြစ်သူ ဟန်ရှင်းက ထိုင်ရာမှထကာ ကားဆီလျှောက်လာတော့သည်။

"Luke ... ဘာဖြစ်လို့လဲ ..."

"မမ ... အဖုလေ အား ... ထလို့မရတော့ဘူး ကားပေါ်ကလည်းဆင်းလို့မရတော့ဘူး ..."

ကားပေါ်ကနေ လှမ်းခေါ်လိုက်တဲ့ Fu အသံကြောင့် အမဖြစ်သူမှာကြောင်တောင်တောင်နဲ့ ...

Luke က တော့ ရုပ်တည်ကြီးနဲ့ ဟန်ရှင်းကိုကြည့်ကာ မချိုမချဉ် လုပ်ပြလိုက်ကာ ကားပေါ်ကဆင်းပြီး Fu အားကိုလှမ်းဖက်ကာ တွယ်ချလိုက်တော့သည်။

"နင် အပိုတွေလုပ်မနေနဲ့ ဒူးက အနာသေးသေးလေးကိုအဲလောက်ဖြစ်စရာလိုလို့လား "

Luke ကိုဖက်ကာရပ်နေသော Fu ကို အမဖြစ်သူက မျက်စောင်းထိုးကာပြောလိုက်တော့

A Guide To Life ( U + Z )Where stories live. Discover now