"တီတီ ...ပါပါးကပြန်မလာသေးဘူးလားဟင်"
အိပ်ရာဝင်ခါနီးလေး အဒေါ်ဖြစ်သူအနားကပ်ကာ ရင်ခွင်ထဲတိုးဝင်ပြီး မေးလိုက်တဲ့ လေးနှစ်သားလေး။
"ဖွားဖွား နေမကောင်းလို့ မိုးကုတ်ပြန်သွားတာ ...မနက်ဖြန်ပြန်လာလိမ့်မယ်နော်"
ခေါင်းလေးပုတ်ကာ ချော့လေတော့ ....
"ဒယ်ဒီ က သားသား ကိုလာမခေါ်ဘူးလား ...."
မျက်လုံး ဝိုင်းလေးနဲ့ ကလေးလေးက မေးရှာတော့
"ဒီည တီတီတို့အိမ်မှာအိပ်တဲ့ မနက်ဖြန်မနက်ပြန်ပို့ပေးမယ်နော် လိမ္မာတယ် မလား သားသားက"
အဒေါ်ဖြစ်သူရဲ့အမေးကိုခေါင်းလေးငြိမ့်ကာ ဖြေရင်းပြုံးပြရှာသည်။
_____A Guide To Life______
ကလေးကို အောက်ထပ်မှာ ကာတွန်းကား ဖွင့်ပေးထားပြီ သွင်ဟန်ရှင်းတစ်ယောက် အပေါ်ထပ်ကိုတက်လာကာ ဟိုဖက်အိမ်ကိုမြင်နိုင်လောက်တဲ့နေရာကနေချောင်းကြည့်နေလေသည်။
Luke အခန်းထဲမှာ လူနှစ်ယောက်ရဲ့ အရိပ်အယောငါတွေ့လိုက်ရတော့
"ဒင်းဒို့က တော်တော်ဖင်ယားကြတာဘဲ
တနေ့လုံးတညလုံးလုပ်နေကြတာလား ..."ဟု ဒေါသတကြီးနဲ့ဆိုလေသည်။
သူမအပေါ်ထပ်ကနေ ကြည့်နေတုန်း Fu ယူသွားတဲ့
သူမရဲ့ကားက ခြံထဲဝင်လာခဲ့တယ်။ဟန်ရှင်းလည်း Fu ပြန်လာပြီ အထင်နဲ့ အောက်ထပ်ဆင်းပြေးလာခဲ့လေတော့ ....."မမဟန်ရှင်း အဖုက အိုင်းယ ကို ကားပြန်သွားပေးခိုင်းလို့ ...အိုင်းယလာပို့တာ "
"အဖု က ရော ...."
"အိုင်းယ လည်းမသိဘူး သူထွက်သွားတော့မယ်ဆိုပြီး ...."
"နေပါဦး Luke နဲ့ဖြစ်ပျက်နေတဲ့ဟာမက ဘယ်ကကောင်မလဲ ...."
ဟန်ရှင်းတစ်ယောက် ဒေါသထွက်လျက်
မေးလေတော့ ....အိုင်းယမှာမဝံ့မရဲနှင့်"ဟို ...မမနယုန်တဲ့ ..."
အိုင်းယ စကားကိုကြားတော့ ဟန်ရှင်း "တောက် " တစ်ချက်ခေါက်ကာ ထားဝယ်ကို တာဝန်နဲ့ ရွှေ့ပြောင်းသွားတဲ့ Luke မိဘတွေဆီဖုန်းလှမ်းဆက်လေတော့သည်။
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...