ဒူးလောက်သာသာရှည်တဲ့ ဂျင်းဘောင်းဘီအမည်းဘေးကို ရှပ်အင်္ကျီခပ်ပွပွ နှင့် တွဲဖက်ကာ၀တ်ဆင်တဲ့ Fu တစ်ယောက် မနက်၇နာရီကြီး Luke ရဲ့ အခန်းရှေ့ တံခါးခေါက်ရန် အဆင်သင့်ဖြစ်နေတော့သည်။
"ဒေါက် ဒေါက် ဒေါက် "
တံခါးကို ခပ်ဖွဖွလေးခေါက်လိုက်တော့ Luke က တံခါးလာဖွင့်ပေးလေသည်။မျက်နှာမှာ ဒေါသအရိပ်တွေနြဲခက်ထန်တဲ့အရိပ်တို့ပေါ်နေပေမယ့်လည်း ဖြူစင်တဲ့ကလေးသာသာ Fu တစ်ယောက်ကတော့ နည်းနည်းလေးမှသတိမထားမိခဲ့။
တံခါးဖွင့်ပေးလိုက်သည်ဆိုတာနဲ့ အခန်းထဲပြေး၀င်ကာ ...
"ဆရာ အဖု 5Dတောင်ပါတယ် ...
ဆရာ ပြောတယ်နော် 3Dပါရင်လိုတာတောင်းလို့"လက်ညှိုးတထောင်ထောင်နဲ့ Luke ကိုကြည့်ကာ သဘောကျလျက်ပြောပြနေတဲ့ Fu တစ်ယောက် အခန်းထောင့်က စားပွဲပေါ်တင်ထားတဲ့ အရက်ပုလင်းကိုတော့မမြင်ခဲ့ ....
ဆရာ့ကိုချစ်တယ်ဆိုတာ တခြားဘာစိတ်မှမရှိဘူး ဒီတိုင်းလေး ရိုးရိုးသားသားဖြူဖြူစင်စင်နဲ့ဘဲ ချစ်ခဲ့တာပါ လို့ ငိုနေမိတိုင်းရေရွတ်နေတတ်တဲ့ကောင်လေး ....
"ဝုန်း ..." ခနဲ အိပ်ရာပေါ်တွန်းချခံလိုက်ရလေတော့
"ဆရာ ..." ဟုသာ ခပ်တိုးတိုးလေး အာမေဋိတ်စကားကိုဆိုလေသည်။
"သိပ်ပျော်နေတယ်ပေါ့ ..."
ကုတင်ပေါ် ဒူးထောက်ကာတက်လာပြီး ရင်ဖတ်က အင်္ကျီစကို ဆွဲကာ Fu မျက်နှာကို တစ်ချက်ထိုးလိုက်လေသည်။
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...