Chapter 3 Unicode

562 68 1
                                    

"ဘယ်မှာလဲ .... နင့်ဆရာအိမ်ကိုမရောက်သေးဘူးလား .... ငါ့အိမ်တောင်ရောက်တော့မယ် ...."

ဂျင်းဘောင်းဘီဒူးလောက်လေကို တီရှပ်ခပ်ပွပွနှင့်တွဲ၀တ်ပြီး လွယ်အိတ်ကိုတစ်ခြမ်းလေးလွယ်ထားတဲ့ Fu တစ်ယောက် စက်ဘီးကိုတွန်းကာ အိုင်းယ အနောက် တစ်ကောက်ကောက်လိုက်နေလေတော့သည်။

"ရောက်တော့မယ် ... လာပါဟယ်"

စက်ဘီးတွန်းနေတဲ့ Fu ရဲ့လက်မောင်းကိုခပ်ဖွဖွလှမ်းပုတ်ကာ ပြောလိုက်လေတော့သည်။

"နင်တို့မိန်းမတွေ တကယ်ကိုနှာဗူးထတယ်နော် ...."

ခေါင်းကိုခါယမ်းကာ ရယ်လျက်ပြောလိုက်တော့

"ဟဲ့ ဆရာကအဆင်လေးမို့ နင့်ကိုပြမလို့ခေါ်လာတာလေ ... ငါကြိုက်နေတယ်များထင်နေတာလား ..."

ခါးကိုထောက်ကာခြေလှမ်းတို့အားရပ်လိုက်ပြီးရန်တွေ့နေသောအိုင်ယကို အဖုက

"ကြည့်ပြီး ငါကဘာလုပ်ရမှာလဲ ..."

ဟုမေးလေတော့ ....

"နင့်ကိုလင်ပေးစားမယ်လေ ....
ငါ့သူငယ်ချင်းတွေထဲမှာ uke ရုပ်ထွက်နေတာဆိုလို့နင်တစ်ယောက်ဘဲရှိတာ ..."

အိုင်းယတစ်ယောက်မှာပြုံးလို့ဖြီးလို့ပြန်ဖြေနေလေတော့သည်။လက်နှစ်‌ဖက်ကလည်းလွတ်အိတ်ကြိုးကိုလိမ်ကာ သဘောကျနေဟန်နှင့် အမျိုးမျိုးအေည်နေလေတော့သည်။

"Uke ဆိုတာဘာလဲ ..."

Fu တစ်ယောက် ခေါင်းကုပ်ကာမေးလေတော့ အိုင်းယ ကရယ်လျက် ...

"ယောက်ျားလေးနှစ်ယောက်တွဲရင် အောက်မှာနေတဲ့သူကို uke လို့ခေါ်တာ ..."

"ဘာလို့အောက်မှာနေတာလဲ ..."

"အဲတာတော့ နင်ဘဲရမှ နင့်ဘဲ‌ကိုမေး ..."

"ငါမှယောက်ျားလေးမကြိုက်တာ ...."

"TharnType ထဲမှာလည်းအဲလိုဘဲပြောတာဘဲ ....နောက်တော့လဲ ညားသွားတာဘဲ ..."

အိုင်းယ တစ်ယောက် ဘယ်လက်နှင့်ညာလက် ကို ပွတ်သတ်ကာ သဘောတွေကျပြီး အားရပါးရပြောနေလေတော့သည်။

"ဒီအိမ်ဘဲ ဆရာ့အိမ် ...."

အိုင်းယ  က လက်ညှိုးထိုးကာပြလေတော့ ....

A Guide To Life ( U + Z )Where stories live. Discover now