Chapter 11 Unicode

431 61 3
                                    

  June 2 ...   

      အခုဆို သုံလလောက်တော့ရှိပြီထင်ပါတယ် ...ညဖက်ဆို ဆရာ့ကိုစကားသွားမပြောရဲလို့ active now ကိုထိုင်ကြည့်နေရတာမျိုး .....

ဆရာနဲ့သူ့ကောင်မလေး ပုံတွေ Newfeed မှာတွေ့တိုင်း အခန်းထောင့်မှာကပ်ပြီး အောင့်အောင့်လာတဲ့ ဘယ်ဖက်ရင်ဖတ်ကို ဖိဖိပြီး ငိုနေမိတာမျိုး ....

မမြင်နိုင်လို့ရှောင်ထွက်လာတဲ့ကျွန်တော် ....
အခုလိုအခြေအနေကိုလက်မခံနိုင်လို့ unfollow တောင်လုပ်ထားမိပြန်တယ် ....အော် ထပ်ပြီးမနေနိုင်ဖြစ်ပြန်တဲ့ကျွန်တော်ကဘဲ wall ထဲပြန်ပြန်၀င်ကြည့်ပြီး သူ့ပုံတွေရှာကြည့်မိနေပြန်တယ်။

တခြားသူကြောင့်ပျော်ရွှင်နေမယ်ဆိုရင် အဲ့ဒါကို
ကျနော်မလုယူတော့ပါဘူး ဘယ်လောက်ချစ်ချစ်ကျနော့်အတွက်မဟုတ်ရင်ထားခဲ့မှာ...။

Luke နဲ့ ကျွန်တော် ပြန်တွေ့ရင်လည်းပြန်တွေ့မယ် .... မတွေ့ရင်လည်းမတွေ့လောက်တော့ဘူး ....ဒါပေမယ့်ရင်ထဲကပြောချင်တဲ့စကားကတော့ "ကျွန်တော်အဆင်မပြေဘူး" ဆိုတာပါဘဲ။

ဘယ်ဖက်လက်မှာပတ်ထားတဲ့နာရီကိုလှမ်းကြည့်လိုက်တော့ နေ့ခင်း ၁နာရီတဲ့လေ ... ဘယ်လိုဖြစ်လို့ နေ့ခင်းဖက်ကြီးငိုနေမိပြန်တာ‌လဲ အဖု ရေ ...

ယောက်ျားတန်မဲ့ ပါးပေါ်က မျက်ရည်တို့ကို လက်ဖနှောင့်တို့နှင့်သုတ်ကာ သက်ပြင်းချမိပြန်တယ်။ "ဟူး ...နောက်နေ့ထပ်မငိုတော့ဘူး"
ဒီစကားဘဲနေ့‌တိုင်းရေရွတ်မိနေသလိုဖြစ်နေပြီ။

အခန်းထဲကထွက်ပြီး ၀န်ရံတာကိုထွက်ကာ ခပ်သွက်သွက်ပြေးလွှားလာတဲ့လေနုအေးတို့အားတ၀ကြီးရှူလိုက်မိတယ် .....

A Guide To Life ( U + Z )Where stories live. Discover now