"ကွာရှင်းစာချုပ်မှာငါလက်မှတ်ထိုးတာမဟုတ်ဘူးဟ
နယုန် ထိုးလိုက်တာ။ အဲတာ ငါ့လက်မှတ်လည်းမဟုတ်ဘူး ....."သွင်ဟန်ရှင်း အရှေ့ ဆိုဖာပေါ်တွင် Luke တစ်ယောက် ကလေးကိုပေါင်ပေါ်တင်ပြီး စိတ်မရှည်ဟန်နှင့် ရှင်းပြနေလေသည်။
"ဘယ်သူဘဲ ထိုးထိုး ....နင်လည်း ငါ့မောင်ကိုချစ်လို့ယူထားတာမှမဟုတ်တာ။ကွာရှင်းလိုက်တာဘဲကောင်းတယ် ....."
"ဒါပေမယ့် သားသား ရှိသေးတယ်လေ"
"ငါတစ်ယောက်တည်းလည်း မွေးလို့ရတယ်။
အဖုနဲ့ နင်မရှိရင်တောင် ငါသားသားကို
ဂရုစိုက်ပေးနိုင်တယ် ...."ခုံကိုမှီကာ ခြေတစ်ဖက်ကိုချိတ်လျက် ပြောနေသော ဟန်ရှင်း .....
"ဒါပေမယ့် သားသားကို မိသားစုစုံစုံ"
Luke ရဲ့စကားမဆုံးခင်မှာဘဲ ...
"သောက်ပိုတွေမပြောနဲ့နင်
ငါ့မောင်မရှိရင် နင်ဟိုဟာမကိုယူမှာမလား"ဟု ပြောလေသည်။
"မယူဘူးလေ မယူလို့ဘဲ အခု အကုန်ရှင်းပြီးနေတာပေါ့ ....."
နှဖူးအပေါ်ဝေ့ကာ ကျနေသော ဆံပင်တို့အား Luke က သန့်တင်ကာ ဆိုသည်။
"လာ သားသား အန်တီလေးနဲ့ဘဲနေ
ပါပါး ပြန်လာခေါ်လိမ့်မယ်။ဖွားဖွားဆီသွားမလို့"အဒေါ်ဖြစ်သူရဲ့ စကား ကို သားသားက
"ပါပါးပြန်လာရင်ဒယ်ဒီနဲ့ အတူတူနေမှာလေ။
ပြီးမှ ဖွားဖွားဆီအတူတူသွားမယ်"ဟုဆိုလေတော့ .....
"ကြားတယ်နော် ငါမကွာပေးဘူး။
မြန်မာ့ထုံးတမ်းအစဉ်အလာဥပဒေအရ
အရြှေခုနစ်အိမ် အနောက်ခုနစ်အိမ်သိရင်
လင်မယား အရာရောက်တယ်။
ယောက်ျားက မခွဲပေးရင် ကွဲလို့မရဘူး""စောက်ရူးလိုလို စောက်ပေါလိုလိုပြောမနေနဲ့။
Luke နင်စောက်ကျင့်မကောင်းဘူး။
ငါ့မောင်ကို စောက်ရမ်းအနိုင်ကျင့်တယ်။"ဟန်ရှင်းက ဒေါသတကြီးနဲ့ အရှေ့မှာရှိနေတဲ့ ကားသော့နဲ့ လှမ်းပစ်ပေါက်လိုက်ကာ ဆိုသည်။
YOU ARE READING
A Guide To Life ( U + Z )
FanfictionUnicode 💙 Luke နဲ့ Fu ကို ချစ်လို့ရေးတာပါ။ တခြားဘာအကြောင်းပြချက်မှမရှိပါဘူး။ fujoshi ဆိုတာ LGBT support တဲ့သူမဟုတ်သလို fujoshi မိန်းကလေးတိုင်းက ship ချင်တဲ့သူကို ship ပိုင်ခွင့်ရှိပါတယ်။ဒီလို ship လိုက်တာကလည်း သဘောကျလို့ နှစ်ယောက်စလုံးကလည်း idol ဖြ...