4

42.5K 3.2K 11
                                    

"သခင်​​လေး..ဒီ​နေ့မင်းမြတ်​သီဟ​တောင်​ကြီးဖက်​ကိုအလုပ်​ကိစ္စနဲ့သွားပါတယ်​..1ပတ်​​လောက်​​တော့ကြာမယ်​လို့သတင်းရပါတယ်​"

"​အေး..ရှယ်​ယာရှင်​​တွေနဲ့​တွေ့ဖို့ကိစ္စက​ကော..ဘယ်​လိုလဲ"

"ကျွန်​​တော်​စီစဉ်​ပြီးပါပြီ..သူတို့ကမနက်​ဖြန်​သခင်​​လေးနဲ့​တွေ့ချင်​​နေပါတယ်​"

"​တော်​တယ်​...မြတ်​သုတဖက်​က​ကောဘာထူး​သေးလဲ"

"ဘာမှ​တော့မထူးပါဘူး.သခင်​​လေး..ဒါ​ပေမယ့်​တခု​တော့ထူးဆန်း​နေတယ်​"

"ဘာကိုလဲ"

"မင်းမြတ်​သီဟကသူ့ညီမြတ်​သုတကိုလိုတာထက်​ပိုပြီးဂရုစိုက်​​နေသလိုပဲ"

"မင်းမသင်္ကာတာတခုခု​တွေ့လို့လား"

"ကျွန်​​တော့်​အမြင်​​ပေါ့...လူဆိုတာသူငယ်​ချင်းမိတ်​​ဆွေ​တော့ရှ်​သင့်​တာပဲ​လေ..ဒါ​ပေမယ့်​မြတ်​သုတမှာကသူငယ်​ချင်းမရှိဘူး..​ကျောင်းတုန်းကလည်းမြတ်​သုတကိုလာ​ရောတဲ့သူ​တွေကို သူ့အစ်​ကိုမင်းမြတ်​သီဟကရှင်းထုတ်​ပစ်​ခဲ့တာချည်းပဲ.."

"မင်းမြတ်​သီဟနဲ့မြတ်​သုတကညီအစ်​ကိုအရင်း​တွေ​ရောဟုတ်​ရဲ့လား.."

"ဟုတ်​တယ်​​..ကျွန်​​တော်​လည်းအဲ့ဒါကိုမသကာင်္တာ"

"ကြည့်​ရတာသူတို့ဆီမှာဖုံးကွယ်​ထားတဲ့ကိစ္စကြီးတခုခုရှိသလိုပဲ"

"ဟုတ်​တယ်​​ သခင်​​လေး"

"သူတို့2​ယောက်​ကိုDNAစစ်​ကြည့်​မယ်​"

"ဟုတ်​ကဲ့..ဒါဆိုကျွန်​​တော်​တို့လွတ်​ထားတဲ့သူလျိုကို DNAစစ်​ဖို့ယူလာခိုင်းလိုက်​ပါ့မယ်​"

"​အေး"
.........................
မြတ်​သုတတစ်​​ယောက်​​ရေချိုးဖို့​ရေချိုးခန်းထဲဝင်ပြီး​ရေမချိုးပဲမှန်​ကြည့်​​နေသည်​မှာနာရီဝက်​နီးပါးကြာမြင့်​​နေ​လေပြီ...လူကသာမှန်​ကိုကြည့်​​နေတာစိတ်​ကတခြား​ရောက်​​နေခြင်းသာ

'ငါဘာလို့..မင်းသခင်​အ​ကြောင်းပဲ​တွေး​နေမိတာလဲ'

မျက်​ဝန်းထဲမှာပြန်​ပြန်​​ပေါ်လာတဲ့မင်းသခင်​ရဲ့ပုံရိပ်​များ

Maung(Completed)Where stories live. Discover now