59

33.1K 2.3K 16
                                    

"....သားသားကနိုးနေပြီလား..."

သုတက ပုခက်ထဲကကလေးကိုချီလိုက်ကာ အသံချိူချိူလေးနဲ့ကလေးကိုချော့ရှာသည်

အူဝဲအူဝဲ

"...ငိုနေတုန်းပဲ...သုတ.."

"...ဘာဖြစ်လို့ပါလိမ့်..အာ..သိပြီ..မဖြူပြောသွားတယ်လေ ငိုရင်အရုပ်လေးနဲ့ဆော့ပေးလိုက်တဲ့..မင်းသခင် ဟိုနားကအရုပ်လေးယူပေး.."

သုတပြောတဲ့အတိုင်းသခင်ကလည်းစင်ပေါ်မှာတင်ထားတဲ့ဝက်ဝံရုပ်လေးကိုယူပေးကာ သုတကိုလှမ်းပေးသည်

"...ရော့..ဒီမှာသားသားရဲ့အရုပ်လေး.."

ကလေးလက်ထဲကိုဝက်ဝံရုပ်လေးထည့်ပေးလိုက်တော့ ကလေးကချက်ချင်းပင်အငိုတိတ်သွားလေသည်

"...သားသား ကလိမ္မာလိုက်တာ.."

သခင်ကတော့ ကလေးချီထားတဲ့သုတရဲ့ပုံလေးကို မြတ်နိုးသောအကြည့်များနဲ့ကြည့်နေမိသည် ဗိုက်လုံးလုံးလေးနဲ့ကလေးချီထားတဲ့သုတရဲ့ပုံလေးကတကယ့်ကိုအသည်းယားဖို့ကောင်းတယ် သခင့်စိတ်ထဲတွင် အားရပါးရဆွဲဖက်ပစ်ချင်စိတ်ဖြစ်နေလေသည်

ကလေးကငြိမ်နေရင်းနဲ့မှရုတ်တရက်သုတရင်ဘတ်ကိုသူ့လက်သေးသေးလေးနဲ့လာထိသောကြောင့် သုတကြောင်သွားမိသည်

"...အမ်...ဘာလို့လဲသားသား.."

အူဝဲအူဝဲ

ကလေးကလက်ထဲကအရုပ်လေးကိုပစ်ချကာ သုတရင်ဘတ်ကိုပဲကိုင်ပြီးထပ်ငိုနေလေသည်

".....နို့ဆာလို့ထင်တယ် သုတ.."

".....နို့ဆာလို့..ဒါပေမယ့်ဘယ်လိုတိုက်ရမှာလဲ..မဖြူလည်းမရှိဘူးလေ.."

"သုတတိုက်လိုက်လေ..."

".........."

အခန်းထဲတွင်ကလေးငိုသံမှလွဲ၍2ယောက်လုံးကအခြေအနေကတိတ်ဆိတ်သွားလေသည်

အူဝဲအူဝဲ

".....မထွက်ဘူး..."

"ဟမ်.."

"နို့မထွက်သေးဘူးလို့..လနုသေးတယ်လေ အခုမှ3လထဲဝင်တာ..ပြီးတော့ငါကယောကျာၤးလေးလေ.."

"....ဒါပေမယ့် ကိုယ်ဝန်ဆောင်နိုင်ရင်အဲ့ဒါလည်းထွက်မှာပါ.."

​Maung(Completed)Where stories live. Discover now