5

39.8K 3.1K 31
                                    

"Ceoကို​တွေ့ဖို့ဧည့်​သည်​တစ်​​ယောက်​​စောင့်​​နေပါတယ်​"

"ဧည်​သည့်​?..ဘယ်​သူလဲ"

"မိန်းက​လေးတစ်​​ယောက်​ပဲရှင့်​"

"​ကော်​ဖီ2ခွက်​​ဖျော်​ပြီးလာပို့"

မင်းသခင်​သူ့ရုံးခန်းထဲဝင်​သွား​တော့ ထိုင်​ခုံမှာ​ခြေချိတ်​ပြီးထိုင်​​နေတဲ့မိန်းက​လေးတစ်​ဦးကို​တွေ့လိုက်​ရသည်

ဆံပင်​ဂုတ်​ဝဲ​လေးကိုခရမ်း​ရောင်​ဆိုးထားကာဂါဝန်​ပန်း​ရောင်​နဲ့​ကောင်​မ​လေးကအရုပ်​မ​လေးသဖွယ်

"ယာရီ"

ကောင်​မ​လေးကမင်းသခင်​​ခေါ်သံကြားမှဖုန်းသုံး​နေရာက​နေ​မော့ကြည့်​ကာပြုံးပြသည်

"မင်းသခင်​"

ဒိုင်​ယာရီကမင်းသခင်​ရဲ့ငယ်​သူချင်း​ကောင်​မ​လေးတစ်​​ယောက်​ လွန်​ခဲ့တဲ့5နှစ်​ကစပြီးသူတို့2​ယောက်​အဆက်​အသွယ်​ပြတ်​သွားတာ

"ကြည့်​စမ်းပါဦး..မားရဲ့သားကြီးက​ချောလာလိုက်​တာ"

"ကျစ်​..မ​တွေ့တာပဲ5နှစ်​ရှိ​နေပြီ နင့်​ရဲ့အဲ့အကျင့်​​တွေမ​ပျောက်​​သေးဘူးလား ယာရီ"

"အို...ဒါက​ဖျောက်​လို့မှမရတာပဲ သားရဲ့"

"ငါနင့်​ထက်​အသက်​ပိုကြီးတယ်​​နော်​..အကြီးကိုရိုရို​သေ​သေဆက်​ဆံ..ဘာသားလဲ"

"၁လ​လောက်​ကြီးတာများစကားထဲထည့်​​ပြော​နေ​သေးတယ်​.."

"နင်​ငါ့ကိုဘယ်​လိုရှာ​တွေ့တာလဲ"

"ဒီ​လောက်​စီးပွား​ရေး​လောကမှာ မင်းသခင်​ဆိုပြီးနာမည်​ကြီး​နေတာ..မသိရင်​ငါကငတုံးဖြစ်​သွားမှာ​ပေါ့.....ဒါနဲ့​လေနင်​​အရင်​ကထက်​ပို​ချောလာတယ်​သိလား..အရပ်​လည်းရှည်​လာတယ်​ bodyလည်း​တောင့်​လာတယ်​...​ဒီအတိုင်းသာဆက်​သွား..နင်​လုံးဝအ​ပေါ်ထပ်​မှာ​နေရမယ်​လို့ငါအာမခံတယ်​"

"အဟက်​..ငါက​ယောကျာင်္း​လေးချင်းစိတ်​မဝင်​စားဘူး "

မင်းသခင်​ကဒိုင်ယာရီ​ပြောတာကို​လှောင်​သလိုရယ်​လိုက်​ပြီး.သူ့ရဲ့အလုပ်​စားပွဲမှာဝင်​ထိုင်​လိုက်​သည်

Maung(Completed)Where stories live. Discover now